EP- 6 (uni)

217 41 7
                                    

'' ကောင်လေး ဘယ်လိုလည်း...သူမင်းကို မှတ်မိလာအောင် လုပ်မှာလား...''

'' ဟင့်အင်း...မလုပ်တော့ဖူး... ''

'' ဘာဖြစ်လို့လည်း...''

'' အဲ့အကြောင်းတွေကို သူသိသွားရင် ကျနော်နာကျင်ရတာထက် သူကနှစ်ဆ နာကျင်ရလိမ့်မယ်...''

'' ဒါပေမဲ့ အမှန်တရားကတော့ ပေါ်လာမြဲပါပဲ..
ကင်ထယ်ယောင်း....''

'' ခင်များ..ကျနော့်နာမည်ကို ဘယ်လိုလုပ်...''

'' အချိန်တန်ရင် အရာအားလုံးက ထွက်ပေါ်လာပါလိမ့်မယ်...''

ထိုသူပြောသွားတယ့် စကား အမှန်တရားဆိုတာ
ပေါ်လာမြဲပဲတယ့်...
အဲ့အမှန်တရားကို မပေါ်စေချင်ဖူး..ဘယ်သူ့ကိုမှ
ထပ်ပြီး မနာကျင်စေချင်တော့ဖူး...
နာကျင်မှုတွေအကုန် ကျနော်ယူပါ့မယ်...
သူ့အတွက်တော့ ပျော်ရွှင်ခြင်းတွေသာ
သယ်ဆောင်သွားပေးပါစေ...

ကျနော့်ဘဝရဲ့ ရှင်သန်ရာ.. သူသာလျှင် ကျနော့်ရဲ့
ပျော်ရွှင်မှု.. ကျေးဇူးပြုပြီး
ထိုအမှတ်တရတွေကိုတော့ သူမမှတ်မိပါစေနဲ့..
ကျနော်သာ နာကျင်ရပါစေ..
ကျနော်သာ ဒီဒုက္ခများကို ခံရပါစေ...

*****************
မနေ့က အမေရဲ့ဖုန်းကိုရပြီးနောက်ပိုင်း စိတ်ထဲ
မတင်မကျဖြစ်နေတာနဲ့ တညလုံးအိပ်မပျော်ခဲ့..

နောက်တနေ့မနက် အပင်ရေလောင်းဖို့အပြင်အထွက်....

'' ဟိတ်... ''

'' အမလေး... ''

'' ဟောဗျာ..လန့်သွားတာလား...''

'' မင်းနဲ့ငါ သိလို့လား...''

'' အင်း..သိတယ်... ''

'' မဖြစ်နိုင်တာ...ငါ့အသိတွေထဲမှာ မင်းလိုလူမျိုး
မရှိပါဖူး...''
ရုပ်ချောတယ့် လူပေါ့..ထိုစကားအား ရင်ထဲမှာ
သိမ်းထားလျက်....

'' ကိုယ့်ကို မေ့သွားတာလား..seokie ရဲ့...''

'' မင်း...ငါ့ကို အဲ့လိုမခေါ်နဲ့ ကြက်သီးထတယ်..''

𝕲𝖔𝖇𝖑𝖎𝖓'𝖘 𝖑𝖔𝖛𝖊 (complete) Where stories live. Discover now