EP-4 (uni)

217 41 6
                                    

မျက်နှာပေါ်က ခပ်အေးအေးအထိအတွေ့ကြောင့်
ရုတ်တရက် နိုးလာမိခဲ့တယ်...

ကျနော်အထင်များမှားနေရော့လား..
ကျနော့်မျက်နှာကို တယောက်ယောက်က ထိတွေ့
နေတယ့်အတိုင်း..

ပြီးတော့... စတော်ဘယ်ရီနံ့ ခပ်သင်းသင်းနဲ့
နို့အနံ့လေးရောနေတယ့် ရနံ့မျိုး နှာခေါင်းဝမှာ
လာရောက်ယစ်မူးနေသလိုပဲ...

သဘောကျတယ်...
ဘာကြောင့်ရနေမှန်းမသိတယ့် အနံ့လေးကို
သဘောကျတယ်...

ဆိုဖာပေါ်ကနေ ထလိုက်ပြီး ခြံဝန်းထဲကို
ဆင်းလာခဲ့လိုက်တယ်...
အုံ့မှိုင်းနေတယ့် ရာသီဥတုနဲ့ ခြောက်သွေ့နေတယ့်
မြေပြင်ပေါ်ကို မိုးစက်အနည်းငယ်ကျနေတယ့်
အချိန်ထွက်ပေါ်လာတယ့်
မြေသင်းနံ့လေး...

မိုးစက်များက နည်းနေရာကနေ တဖြေးဖြေး
များလာပြီး မြက်ခင်းပြင်ကို စိုစွတ်သွားစေတယ်..

မြက်ခင်းပြင်ပေါ်ကို ခြေဗလာနဲ့ ထွက်လာခဲ့တယ်...
ဒီလိုခံစားချက်မျိုး ဒီလိုနေ့မျိုး ဒီလိုအချိန်မျိုး
နဲ့တထပ်တည်းကျတယ့် အခါမျိုးကို
ကြုံခဲ့ရဖူးသလိုပဲ...

*******************
ချစ်ရသူ ပျော်နေတာကို ကြည့်ရတယ့် ခံစားချက်က ဘာနဲ့မှ မလဲနိုင်ဖူး...

မိုးရေ​ကြောင့် ထိုလူသားငယ်ရဲ့အင်္ကျီအဖြူရောင်
ဟာ ခန္ဓာကိုယ်နဲ့ ကပ်သွားပြီး
ခါးသိမ်သိမ်လေးများက ပေါ်နေလေရဲ့...

အရင်တချိန်ကလိုသာဆိုရင် ဒီလိုမိုးရေထဲမှာ
မိုးရေစိုလို့ အင်္ကျီအဖြူတွေ ခန္ဓာကိုယ်နဲ့
ကပ်သွားတယ့်အချိန် ပေါ်လာတယ့် မင်းရဲ့
ခါးသိမ်သိမ်လေးတွေကို ပင့်မြှောက်ပြီး
မင်းရဲ့နှုတ်ခမ်း​တွေပေါ်မှာ အနမ်းတွေ ချွေချင်မိသေးပါရဲ့..

ထိုအချိန် ခွေးလေးတကောင် ထယ့်ရှေ့သို့ရောက်ရှိလာပြီး အဆက်မပြတ် ဟောင်နေသော
ထိုခွေးလေး...

ဟောင်နေသော ခွေးလေးရှိရာဆီသို့ အပြေးလေး
ရောက်လာပါသော သူလေး...

ကျနော့်ရှေ့ကို သူရောက်လာလို့ ကြောင်ပြီး
ရပ်ကြည့်နေစဥ်....

'' ဟိတ်လူ...ဟိတ်လူ... ခင်များ ကျနော့်ခြံထဲကို
ဘာလာလုပ်တာလည်း..''

'' အမ်... ကျနော့်ကို မြင်ရတာလားဟင်...''

'' မြင်ရလို့ စကားပြောနေတာပေါ့ကွာ...''

'' ဟင်...တကယ်လား...မဖြစ်နိုင်တာ..''

'' နောက်မနေနဲ့...မေးတာပဲဖြေ ဘာလို့ကျနော့်ခြံထဲ ရောက်နေတာလည်း...''

'' ဟို...မိုးရွာနေလို့ လမ်းလျှောက်နေရင်း ဒီဘက်ကို ရောက်လာတာ...''

'' အော်...ဟင်..နေစမ်းပါအုန်း..ခင်များက ဘယ်မှာနေတာတုန်း...''

'' ဟိုအနောက်ဘက်မှာ...''

ထိုလူ လက်ညိုးထိုးပြရာနေရာက ကျ​နော့်အိမ်ရဲ့ ကျောခြင်းကပ်က အိမ်ပဲ....
ဒီလူကြည့်ရတာ လူဆိုးတော့ဟုတ်မယ်မထင်..

သန့်ပြန့်နေတယ့် အစိမ်းနုရောင်အဝတ်အစားနဲ့
ချောမောလွန်းလှတယ့် မျက်နှာထား
ပြေပြစ်လွန်းလှတယ့် အပြောအဆို...

အော်...ကျနော်ရဲ့မိခင်... ကျနော့်ကိုဘာလို့
ဒီလိုဖြစ်အောင် မမွေးဖွားခဲ့ရပါသလည်း...

************
မျက်နှာထားပေါင်းမျိုးစုံနဲ့ ကျနော့်ရှေ့က ထိုသူ..
သိပါတယ်..သူရှေ့က ကျနော်က ဘယ်လိုလူမျိုးဖြစ်မလည်း ဆိုတာကို အကဲခတ်နေတယ့်
ကောင်လေးပါ...

သူ့ကို ကောင်လေးလို့ခေါ်ရင် စိတ်ဆိုးနေတော့မှာ
အမှန်ပဲ...

ဒါနဲ့ သူကျနော်ကို မြင်ရနေတာပေါ့....
ဟိုလူပြောသလို ကျနော်ကြိုးစားကြည့်ရင်
အောင်မြင်မယ်ထင်တာပဲ...

အရေးကြီးတာက ကျနော်တို့ရဲ့အမှတ်တရတွေကို သူမှတ်မိဖို့......

------------------------------

ငါသတ်လိုက်တယ့် ငါ့မောင်ရဲ့ နာမည်က .......

တိုသွားရင် တောင်းပန်ပါတယ်လို့..
ဒါနဲ့ ကိုယ်ခုတလော ဆက်စပ်မှုမရှိတယ့် စာတကြောင်း နှစ်ကြောင်းရေးဖြစ်ပါမယ်...
fic အသစ်အတွက် spoil ပေါ့...
မင်းတို့ သေချာကြည့်ရင် မင်းတို့အတွက် spoil
တွေအများကြီး ချပေးထားတယ်သိလား...

𝕲𝖔𝖇𝖑𝖎𝖓'𝖘 𝖑𝖔𝖛𝖊 (complete) Where stories live. Discover now