EP-10 (uni+zawgyi)

217 41 3
                                    

'' ယောင်း... ''

'' ဟင်... ''

'' နေဝင်ချိန်လေးက လှတယ်မလား... ''

'' လှတယ်... ဒါပေမဲ့..မင်းက ပိုလှတယ်..''

'' အဲ့စကားတွေနဲ့ ဘယ်နှယောက်လောက်ကို
ပြောပြီးပြီလည်း...''

'' မင်းက ပထမဆုံးဖြစ်သလို..နောက်ဆုံးပါပဲ..
ဆော့ကီလေးရယ်...''

'' ယောင်း..ဒီနေ့ ဝမ်းနည်းနေတာလားဟင်..''

'' ဆော့ကီ.. ဒီနေ့က ၂၆ ရက်နေ့လေ... ''

'' အင်းလေ..အဲ့တာ..ဘာဖြစ်..''

ဟမ်.. ဟုတ်သားပဲ..၂၆ ရက်နေ့..

'' မင်း..ကိုယ့်နာမည်မှတ်မိပြီလား...''

'' မမှတ်မိသေးဖူး..စိတ်ဆိုးလား..ယောင်း..''

'' ဆိုးစရာလားကွာ..ဆိုးစရာလားတယ့်...
ဒါပေမဲ့..ကိုယ်တို့တွေ ခွဲရတော့မှာပဲနော်...''

'' ဘာဆိုင်လို့လည်း.. ယောင်းနော်..လျှောက်ပြော
မနေနဲ့...''

'' အင်း..ကိုယ်လည်း လျှောက်ပြောတာမျိုး
ဖြစ်ချင်လိုက်တာ.. ''

'' ဒါပေမဲ့..ကိုယ်တို့က အမြဲနေရမှာလေ..
မဟုတ်ဖူးလား..''

'' အင်း.. အခုဘယ်နှနာရီလည်း..''

'' ညနေ ၅နာရီလေ.. ''

'' အွန်း..ရပါသေးတယ်.. အချိန်တွေအများကြီး
ကျန်သေးတယ်... ''

'' အင်းလေ.. အဲ့တာကို.. ယောင်းနော်..
ဝမ်းနည်းအောင် မလုပ်ရဖူး..''

သူသာမမှတ်မိရင်.. ဒီနေ့ ည ၁၂ နာရီ...
နောက်တရက်ကူးတာနဲ့ ကျနော်
ထွက်သွားရတော့မယ် ဆိုတာ ဘယ်လို
ပြောရမလည်း... နည်းနည်းတော့ နာကျင်မှာပေါ့
အချစ်ရယ်... ဒါပေမဲ့.. တခါပဲပေါ့..
အဲ့ဒီကိစ္စကို တွေးပြီး နာကျင်ပြီးတော့
မင်းကို တယောက်တည်းမထားခဲ့ချင်ဖူး..
အချစ်ရာ...

၁ နာရီ..
၂ နာရီ..
၃နာရီ... နဲ့ အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးလာလေပြီ...
အချိန်ကား..ည ၉ နာရီ....
ထယ်ယောင်းရဲ့ခန္ဓာကိုယ်ကလည်း
တစပြီးတစ အားတွေဆုတ်ယုတ်လာသယောင်..

'' ဆော့ကီ.. ကိုယ့်ကို ချစ်လား..''

'' အင်း..အများကြီးချစ်တယ်..''

𝕲𝖔𝖇𝖑𝖎𝖓'𝖘 𝖑𝖔𝖛𝖊 (complete) Where stories live. Discover now