Part4

367 36 1
                                    

Unicode

"ဂတိပေးထားတာကို မေ့သွားပြီလား ကြက်ပေါက်လေး"
Yongbok မျက်ရည်စတို့ကို မျက်တောင်ဖြင့် သုံးလေးချက်ပုပ်ရင်း.... မျက်လွှာကိုချကာ အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း
သူ့ကို မော့်ကြည့်လိုက်သည်
အရပ်ရှည်တာကို အားကျပေမယ့် .....သွေးစုပ်ဖုတ်ကောင်ဖြစ်နေတာကိုတော့် အားမကျ
အနည်းငယ် တုန်ချင်ချင်​ဖြစ်နေသည့် အသံကို ထိန်းပြောရင်း အနည်းငယ် ထိတ်လန့်သွားသလို
"ဟင်!!!!!!!......မမေ့ဘူး ဒါမဲ့"
"ဘာလို့ ဒါမဲ့လဲ..... "
"ဘာလို့လဲ.... ဘာလိုလဲ ဆိုတော့်.... "
"အားယိုး အပြင်မှာအေးတယ် အထဲမဝင်ကြ သေးဘူးလား "
Felix စကားမဆုံးခင် ခြံတံခါးလာဖွင့်ကာ အထဲဝင်ခိုင်းသည့် အဘွားကြောင့် ပြောစရာစကားများ စွံ့အလျက်
ဒါကို အခွင့်ကောင်းယူကာ ခပ်သွက်သွပ်ပြောလိုက်သူကြောင့်
"ဟုတ်ကဲ့... အဘွား "
"ခဏလေး ခဏလေး..... "
ဘာလို့အိမ်ထဲဝင်မှာလဲ မှောင်နေပြီအိမ်မပြန်သေးဘူးလား"
"Yongbok အိမ်ငှားကို အဲ့လိုမပြောရဘူးလေ "
"ဗျာ... အိမ်ငှားးးးးး!!!!!!
သူ့ကို ငှားလို့မရဘူးလေ သူ့မှာ.. သူ့မှာ အိမ်ရှိတယ်"
သူ့ရှေ့က အသည်းအသန်ငြင်းနေတဲ့ ကောင်လေးကြောင့်
ရယ်ချင်စိတ်တွေကို မနည်းထိန်းထားရသည်
ဒီကလေးက အိမ်မှာ အလိူလိုက်ခံထားရသည့်ပုံ
စကား​ပြောရင် နှုတ်ခမ်းတထော်ထော်လေးက ဆွဲလိမ်စရာ
"အဟင်း.... "
ဒေါသထွက်နေသည့် သူ့မျက်နှာ ရဲရဲကြောင့် Hyunjin စိတ်မထိန်းနိုင်သည့် အဆုံး အသံထွက်ကာ ရယ်လိုက်မိသည်
"မရဘူး နော် ဘွား..... မရဘူး
အခြားဘယ်သူ့ကို မဆိုငှားလို့ရတယ် သူ့ကိုတော့် မဟုတ်ဘူးနော် "
"Yongbok ဘွားကို စိတ်တိုအောင်မလုပ်နဲ့နော်
ဒီက လူလေးကို မငှားရအောင် ဒီက လူလေးက ဘာဖြစ်နေလို့လဲ ဘွားကိုပြော
ခိုင်လုံတဲ့ အကြောင်းပြချက်ရှိရင် မငှားဘူး ဒါမဲ့ ဒီတိုင်းအမြင်မကြည်တဲ့ စိတ်နဲ့ ဆိုရင်တော့် မရဘူးနော"
"မရဘူး ဆို မရဘူး သူ့ကို မငှားရဘူး နော်
သူ့ကိူ မငှားနဲ့နော် သူက.... သူက..
အလစ်ကို ကြိုက်နေတာ  "
"ဟမ်...??????
ဟားးးးး ဟားးးးး....ဟားးးး"
"ဒေါက်..... ကဲပေါက်တက်ကရတွေ ပြောချင်ဉီး"
"အာ...  ဘွားဘွား..... "
နဖူးတည့်တည့်ကို ဘွားရဲ့ လက်သံ ပြင်းပြင်း ကျရောက်လာတာကြောင့် Felix မျက်ရည်ပင် ဝဲသွားရသည်
ဘွားရဲ့ လက်သံကို သူမေ့ချင်ချင်တောင်ခံနေပြီ
အခုသူရောက်မှ အခေါက်ပြန်ခံနေရတယ်
မကောင်းတဲ့ ကောင်ပဲ လုံးဝကြီးကို မကောင်းတဲ့ အကောင်
"လာ မြေး သူပြောတာကို ဂရုမစိုက်နဲ့ "
"ဟုတ်ကဲ့ သူက ကျွန်တော့်ကိုဆို အမြင်စောင်းနေတာ ကျောင်းမှာလည်း ကျွန်တော်က သူ့ကို ခင်ချင်လို့ သူ့နောက်ကို လိုက်တာကိုသူက အမြင်မကြည့်ဖြစ်နေတာ"
အ်ိမ်ပိုင်ရှင်ထက် အရင် အိမ်ထဲကို ဝင်သွားတဲ့ သူကြောင့်
Felix အကြောင်သား ရပ်ကြည့်နေမိသည်
မြေးအရင်းပေါ်လာလို့ မွေးစားမြေးကို ဂရုမစိုက်တော့်သလို
ဇာတ်လမ်းတစ်ခုရဲ့ ဝမ်းနည်းစရာ အဖြစ်နှင့်တူနေသည်
ဆို့တက်လာသည့် စိတ်ခံစားချက်ကြောင့် ထိုသူ၏ ပုခုံးကို ဝင်တိုက်ကာ အိမ်ထဲကို ပြေးဝင်သွားသည်
သူ့စကားကို နားမထောင်သည့် ဘွားဘွားကိုလည်း
စိတ်ပျက်သည်
တစ်ခါမှ ဘွားဘွားရဲ့ လျစ်လျှူမှုကို မခံဖူးဘဲ အခုမှ သူက အပါယ်ခံလိုလို
ခံစားမှုကြီးက တစ်ကယ်ကို အဆင်မပြေ
စိတ်ကျလာတဲ့ မျက်ရည်ကြောင်းနှစ်ခုနှင့် အတူ
သူ့ဘဝ သူ့အနာဂတ်ကြီးကရော
မတော်လို့များ google မှာ တွေ့တဲ့ သတင်းတစ်ပုဒ်လို သူသာ vampire ဖြစ်သွားမယ်ဆိုရင်ရော
မျက်နှာအပ်ထားသည့် ခေါင်းအုန်းစ နှစ်ဖက်ကိုသာ လက်ဖြင့် ညစ်ညစ်ပါအောင် ဆုပ်ထားမိသည်
သူဒီည ဘယ်လိုစိတ်မျိုးနဲ့ သွေးစုပ်ဖုတ်ကောင်တစ်ကောင်နဲ့ နံရံ ပါးပါးလေးတစ်ချပ်ခြားပြီး အိပ်ပျော်နိုင်မှာလဲ
"လာခဲ့စမ်းပါ ခွေးကောင်
ငါက ခါးပတ်နက် တစ်ယောက်ပဲ high kick ဘယ်လောက်ပြင်းလဲ သိသွားအောင် လုပ်ပြလိုက်မယ်
အမေ့!!!!......
ဘယ်လိုဝင်လာတာလဲ လူမှုရေး နားမလည်ဘူးလား
တခြားသူ အခန်းထဲမဝင်ခင် တံခါးခေါက်ရမယ်ဆိုတာ "
"အဟမ်း အဟမ်း..... ကိုယ်က လူမှမဟုတ်တာ
ကိုယ်တို့ vampire တွေမှာ အဲ့လို စည်းကမ်းမရှိဘူး"
"အာ......"
သူပြောလိုက်မှ တွေးတွေးဆဆလေး ဖြစ်သွားသူကြောင့်
နှာဖူးလေးကို လက်ညိုးဖြင့် ခပ်ဖွဖွ တောက်လိုက်သည်
ရှေ့က ကြက်ပေါက်လေးက မကြိုက်သည့် အမူအရာပြပေမယ့် သူခဏ လျစ်လျှူလိုက်သည်
သူအခုလိုနေတာက လက်ဆက်သည့် လူသွေးမလား
"ကိုယ့်အတွက် ညစာရော
ဒါမှမဟုတ် အဘွားဆီက တောင်းလိုက်ရမလား "
"မင်း မယုတ်မာနဲ့.. "
သူ့ကို လက်ညိုးထိုးကာ မျက်လုံး ငြီးငြီးဖြင့်စိုက်ကြည့်နေသူကြောင့် စနောက်ချင်စိတ်က တစ်စတစ်စ ပိုးတိုးလာသည်
"မင်း ဘွားက ဘာသွေးလဲ Oသွေးတွေက ချိုတယ်တဲ့"
"ဘွားဘွားက O သွေးမဟုတ်ပါဘူးနော် "
"ဪ ဒါနဲ့ မင်း ထမင်းမစားဘူးလား အရင်ကထက် ပိုပိန် နေသလိုပဲနော် "
"မပိန်ဘူး နဂိုအတိုင်းပဲ"
"မင်း ဘွားက ဝ.."
"ခွပ်....သေစမ်း သေစမ်း "
hyunjin စကားဆုံးအောင်ပင် မပြောလိုက်ရ ပါးစပ်ထဲ ဝင်လာသည့် ကြက်သွန်ဖြူဉကြီးကြောင့်
လျှာ တစ်လျောက်လုံး ဆာထွက်သွားသည်
စူးရှရှ အနံ့ကြီးကြောင့် မူးချင်ချင်ခံသွားသည်
ဒါကို အခွင့်ကောင်းယူကာ ​ရှေ့က အသေးလေးက သူ့အပေါ် တက်ခွကာ ပါးစပ်ကို ကြက်သွန်ဖြူ ဖြင့် အတင်းဆို့ထားသည်
သူထိုင်နေမိတာ မှားပြီထင်သည်
ဗိုက်ပေါ်က ကောင်လေးကတော့် တိုက်ပွဲမှာ အောင်နိုင်သည့် စစ်သူကြီး တစ်ယောက်လို အောင်နိုင်သူအပြုံးကြီးနှင့်
သူ ဒီကလေးကို လျော့တွက်တာ မှားပြီထင်သည်

sweet bloodDove le storie prendono vita. Scoprilo ora