❦ 1 ❦

29 6 0
                                    

{Unicode}

ရန်ကုန်မြို့ကြီး၏ အလယ်ရှိ ဆေးတက္ကသိုလ်ကြီးတွင်ဖြစ်သည် ။
ကျောင်းဆင်းချိန်နီးသော်ငြား ပညာလိုလားကြသူတွေပဲမို့ ဆရာမ၏သင်ကြားမှုအား မပြတ်စေရန် အာရုံစိုက်နေကြသည် ။

မြို့တွင်းကျောင်းမှအောင်မှ တက်နိုင်သော နေရာ ဖြစ်သည့်အပြင် အမှတ်ကလဲ ပိုမြင့်မှရနိုင်သော ဆေးတက္ကသိုလ် (1) သည် အစဉ်အဆက် ဂုဏ်သတင်းကြီးလှပေသည်။
၁၉၂၇ ခုနှစ်ကတည်းက တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံးဆေးတက္ကသိုလ်ကြီးဖြစ်သည် ။

တတိယနှစ်များဖြစ်သည်မို့ ဆရာဝန်လောင်းလေးများက ပညာရပ်များကိုသေချာစွာလေ့လာ‌ေနကြသည် ။
လွမ်းရိပ်ပုံ ပြတင်းပေါက်အပြင်မှ မှိုင်းညို့လာသော ရာသီဥတုအား တချက်ကြည့်မိလိုက်သည် ။
သူနှင့်ရာသီဥတုသည် အမှန်တကယ်ကို ရန်သူအကြီးစားပါပေ ။

ခေါင်းထဲဝင်လာသည့် အတွေးပေါင်းစုံအားခါထုတ်ကာ အရှေ့မှစာထံအာရုံပြန်စိုက်လိုက်သည် ။
တတိယနှစ်ဖြစ်သည်မို့ ပထမနှစ်ကဲ့သို့
ဘာသာအစုံကိုသင်နေရန် မလိုတော့ပေ။
သို့သော်ငြားယခုအချိန်ဟာ အထွေထွေရောဂါဗေဒ အချိန်ဖြစ်တာမို့ အာရုံမစိုက်၍မရချေ။
လူ့အသက်နှင့်သက်ဆိုင်သော အရာများဖြစ်သည်မို့ သေချာအာရုံစိုက်နေရသည် ။

အရှေ့မှရှင်းပြနေသော ဆရာမအားကြည့်နေရင်းမှ စိတ်အာရုံသည် အဖြူရောင်ကျောပြင်ကျယ်ထံရောက်ရှိသွားသည် ။
ဖြူလွလွရှပ်အင်္ကျီနှင့် ထိုလူကဆေးတက္ကသိုလ်ကျောင်းသားရေးရာဌာန တခုလုံး၏ခေါင်းဆောင်ဖြစ်သည့်အပြင် တက္ကသိုလ်၏စာအတော်ဆုံးကျောင်းသားဖြစ်သော အံ့မင်းမဟာရှိန် ။

အံ့မင်းမဟာရှိန်က စာတော်ပြီးလိမ္မာကျွမ်းကျင်သော်လဲ သူဌေးသားတစ်ယောက်တော့မဟုတ် ။ သုံးနိုင်စွဲနိုင်ရုံ သာမာန်လူတန်းစားထဲကသာပင် ။ အမြဲတည်ငြိမ်နေတတ်ပြီး တချက်ချက်မျက်မှန်အညိုလေးကို ပင့်တင်တတ်တာက မဟာရှိန်ရဲ့မူပိုင်ဟန် ။
အဖြူလွလွရှပ်အင်္ကျီနဲ့ style pan က မဟာရှိန်ရဲ့ပြဂယုဒ် ။ ပထမနှစကတည်းက မျက်မှန်းတန်းခဲ့မိ‌ေသာ ထိုလူသည် လွမ်းရိပ်ပုံ၏ တစ်ခုတည်းသော လျှို့ဝှက်ချက်ငယ် ။

❦~My Little Rain & Coffee~❦Wo Geschichten leben. Entdecke jetzt