DiDi's Note ( Please Read )

83 5 0
                                    

{ Unicode }

Hi ! DiDi ပါ ။
ဒါလေးကတော့ ဒီဒီ့ရဲ့တတိယ ဖန်တီးမှုလေးဖြစ်ပါတယ် ။
ရန်ကုန်မြို့ရဲ့ တက္ကသိုလ်ရိပ်သာလမ်းမကြီးရယ် ဆေးတက္ကသိုလ်ကျောင်းကြီးရယ်နဲ့အတူ လွတ်လပ်ပေါ့ပါးတဲ့ တက္ကသိုလ်ကျောင်းသား Uni Life Style လေးကိုဖန်တီးသွားမှာဖြစ်ပါတယ် ။

မဖတ်ခင်ပြောချင်တာကတော့

1* Boy love Fiction ဖြစ်ပါတယ် ။

2* OwnCreation ဖြစ်ပါတယ် ။

3* ဝတ္ထုတွင်ပါ‌ဝင်သော ဇာတ်ကောင်များနှင့်ဇာတ်ကြောင်းများသည် စာရေးသူ၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးမှသာဖြစ်ပါတယ် ။

4*  ဇာတ်ကြောင်းနှင့်အချို့စာသားများအား တစုံတရာတိုက်ဆိုင်နေသည်ရှိခဲ့ပါက သက်သေနှင့်တကွ လာရောက်ပြောကြားနိုင်ပါတယ် ။ ပြန်လည်ပြုပြင်ပေးပါ့မယ် ။

ဟုတ်ကဲ့ ။ အခုဆိုရင် ဇာတ်ကောင်တွေရဲ့စကားသံတွေကို နားထောင်ကြည့်လိုက်ရအောင် ။

" ပုံ ကပြောတယ်
ကျွန်တော့်ကိုချစ်တယ်တဲ့
ကျွန်တော်ချစ်တဲ့ကော်ဖီနွေးနွေးတွေကိုလဲ
ချစ်ပေးမယ်တဲ့
ဘာလာကြည့်နေတာလဲ
ပုံက ချစ်တယ်ဆိုတာ လာပြောပြတာလေ
ခင်ဗျားတို့က ဘဲရှိလို့လား ။ "

Ω အံ့မင်းမဟာရှိန်

" ကျွန်တော်က စချစ်ခဲ့ပေမယ့်
ရှိန်က အဆတိုးပြီးပိုချစ်ပေးတယ်လေ
တက္ကသိုလ်ရိပ်သာလမ်းမကြီးပေါ်မှာ
လျှောက်ခဲ့တဲ့ခြေရာတွေထဲမှာ
ကျွန်တော်နဲ့ ရှိန်ရဲ့
ခြေရာတွေလဲပါတယ် ။ "

❦~My Little Rain & Coffee~❦Donde viven las historias. Descúbrelo ahora