{Unicode}
လေနုအေးတို့အား ပက်ဖြန်းနေသည် ။ ယမနေ့ညမှမိုးကြောင့် အိမ်ပတ်လည်ရှိအပင်စုံတို့သည် စိမ်းလဲ့လျက် ။
မနက်ခင်း၏တေးသံတို့အားနားထောင်ရင်း ကုတင်နံဘေးရှိ စားပွဲခုံပေါ်မှ ကော်ဖီခါးခါးတခွက်ကို ယူသောက်လိုက်သည် ။
မိုးဖွဲဖွဲနှင့်ကော်ဖီခါးခါးသည် မဟာရှိန်၏အနှစ်သက်ဆုံးသော အရာများပင် ။
တက္ကသိုလ်တွင်သိကြသည်မှာတော့ အံ့မင်းမဟာရှိန်ဟာ သုံးနိုင်စွဲနိုင်ရုံ သာမာန်လူတန်းစား ဟူ၍သာ ။
သို့သော်ငြား အမှန်စင်စစ်တွင် မဟာရှိန်သည် ချမ်းသာမှု၏မွန်းကြပ်ခြင်းတို့မှ ထွက်ပြေးလာပါသော သူဌေးသားတစ်ဦးပင် ။မဟာရှိန်၏မိဘများသည် အတ္တအပြည့်နှင့်လူသားများဖြစ်ကြသည် ။ ကိုယ်ကျိုးအတ္တတွေအတွက် လုပ်ဆောင်နေရင်း မဟာရှိန်အား ဂရုမစိုက်ကြ ။ ဖခင်သည်လဲ မိန်းမပေါင်းစုံနှင့် မိခင်ကလဲ အိမ်တွင်နေသည်ဟူ၍မရှိ ။ ပိုက်ဆံသာပေးနိုင်ပြီး ကျန်သည့် အသိပညာ ၊ မေတ္တာ ၊ စေတနာတို့ကိုမူ မပေးနိုင်ကြပါချေ ။
လိုအပ်သောမေတ္တာကကင်းကွာလေတော့ မဟာရှိန်သည် တိတ်ဆိတ်မှန်းမသိ တိတ်ဆိတ်လာခဲ့သည် ။
ကလေးငယ်တစ်ဦးကဲ့သို့ ရယ်မြူးမှုများ မရှိတော့သလို ၊ လူတစ်ယောက်အတွက် အပြုံးဟု ဆိုပါသောအရာများသည် သူနှင့်ဝေးကွာခဲ့ချေပြီ ။ မဟာရှိန်၏ဘဝတခုလုံးကိုရင်းပြီး သိခဲ့ရသည်မှာ မိဘဆိုတိုင်း မိဘမပီသ သလို
သူစိမ်းဆိုတိုင်းလဲ သူစိမ်းမဟုတ်ပါချေ ။
အချို့သူစိမ်းများသည် သူစိမ်းအမည်ခံသော်လဲ သွေးရင်းထပ် ကိုယ့်အပေါ်ကောင်းပေးနိုင်ကြသည် ။မဟာရှ်ိန်၏ဘဝတွင် ပထမဆုံးအကြိမ် နှစ်ခြိုက်စွာပြုံးမိသည်မှာ ထိုကောင်လေးကိုတွေ့ချိန် ။ ဟုတ်ပါသည် ။ ထိုကောင်လေး သို့မဟုတ် လွမ်းရိပ်ပုံ ။
အမြဲအေးအေးလေးနေတတ်ပြီး မိုးကိုမုန်းလွန်းတဲ့ကောင်လေးကို ပထမနှစ်ကတည်းက သူဆုံခဲ့သည် ။ မိုးရွာခါနီးတိုင်း မိုးကိုကျိန်ဆဲတတ်သော သူလေးအား အမြဲငေးကြည့်ရင်းပြုံးခဲ့သည်ကို သူလေးမသိပါချေ ။
JE LEEST
❦~My Little Rain & Coffee~❦
Fantasyဆေးတက္ကသိုလ်ရဲ့မိန်းဆောင်ကြီးရှေ့မှာ တဖွဲဖွဲရွာနေတဲ့ မိုးဖွဲဖွဲလေးရယ် ကော်ဖီခွက်နွေးနွေးရယ် တက္ကသိုလ်ရိပ်သာလမ်းကြီးရယ် ကိုယ့်ရဲ့ဆေးကျောင်းသားလေးရယ် ဆေးသိပ္ပံကျောင်းဆောင်ကြီးရှေ့မှာ တဖွဲဖွဲရွာနေတဲ့ မိုးဖွဲဖွဲလေးရယ် ကော်ဖီခွက်နွေးနွေးရယ် တက္ကသိုလ...