အခန်း ၇

187 40 2
                                    

DTTM : နောက်တစ်ခါ သေချာပေါက် အကိုင်ပေါက်ခံပေးမှာမို့လို့။ ထပ်ပြီး စိတ်မဆိုးပါနဲ့တော့။

ထို 1000 MCQ မေးခွန်းတွင် သူအချိန်ဖြုန်းနေမိမှန်းသိပြီးနောက် ယွီရှန်းသည် သူ၏နေ့လည်စာကို စိတ်အေးချမ်းသာစွာဖြင့် မစားနိုင်တော့ပေ။

သွမ့်လေ့ကတော့ သူ့ကို အဓိပ္ပါယ်ရှိရှိ အကြံပေးလာရှာသည်

“ဒါဟာ လူသားတွေအားလုံးရဲ့ သဘာဝပဲလေ။ မင်းရှေ့က အတားအဆီးအားလုံးကို ဖြတ်ကျော်ပြီးချိန်ကြမှတော့ သူတို့ကို ကျော်ဖြတ်ဖို့ ဘာကြောင့် အရမ်းကြီးကြိုးစားခဲ့ရတာလဲ ဆိုတာက အရေးမကြီးတော့ဘူး။မင်း အဆုံးသတ်ကိုပဲ ကြည့်ရမယ်လေ ဟုတ်တယ်မို့လား…”

ယွီရှန်းက စိတ်လွတ်ကိုယ်လွတ်နဲ့ ကြက်ဥကြော်ကို ပါးစပ်ထဲထည့်ပြီး ဇွန်းအလွတ်ကို ပါးစပ်ထဲသို့ထပ်၍ ထည့်လိုက်မိပြန်သည်။

လူ့သဘောသဘာဝပြဿနာကို ဘေးဖယ်ထားဦး သူ့ဆီမှာ အကျင့်ဆိုးနည်းနည်းရှိနေတာကို​တော့ ယွီရှန် ခပ်ရေးရေး သဘောပေါက်သွားသည်။

အ​မြဲ တစ်ခုခုလုပ်လိုက်တိုင်း လုပ်နေရင်းနဲ့ လမ်းခုလတ်မှာပဲ ရပ်ထားရမဲ့ ကိစ္စမျိုးကိုတောင် သူကအဆုံးထိလုပ်ကြည့်လိုက်ချင်သည်။

ဥပမာအားဖြင့်၊ MCQ မေးခွန်းပေါင်း 1000 လုံးကို အကုန်ဖြေဆိုရန် မလိုအပ်ဘူး​။ ပြီးတော့ ပြောင်းဆန်​​ပြုတ်ရည် နှစ်ခွက်စလုံးကို သူ ကုန်​အောင်​သောက်ဖို့
မလိုအပ်ဘူး။ ဒါမှမဟုတ် အခု သူစားနေတဲ့ အကျက်လွန်နေတဲ့ ကြက်ဥကြော်ပန်းကန်ကို ကုန်အောင်စားဖို့အတွက် ဘယ်လောက်ကြာကြာထိုင်ရမယ်မှန်းမသိဘဲ ထိုင်နေဖို့ မလိုအပ်တာတွေပေါ့။

"ဒါ​တွေက လူ့သဘာဝပဲ! မင်းစဉ်းစားကြည့်လိုက်စမ်း ရှန်းကော !"

သွမ့်လေ့က ထိုစကားလုံးကိုလှိုင်လှိုင်သုံးရင်း ကျွတ်ကျွတ်ညံအောင် ပြောနေတော့သည်။

"မင်းက အဆုံးသတ်ကို ရှာနေတာမဟုတ်ပေမယ့် လုပ်ငန်းစဉ်ရဲ့ စိန်ခေါ်မှုကို ရှာ​​တွေ့သွားတယ်မို့လား။ပြီးတော့ မင်းက စိန်ခေါ်မှုကို အောင်နိုင်သွားခဲ့ပြီလေ — ဘမ်း! ဘာလို့ဒီမှာ စတီး စကူဘာ နောက်တစ်ခုကရှိနေရတာလဲ?"
 
သူသည် အော်ဟစ်ငြီးတွားကာ သတ္တုကြိုးကို ဆွဲထုတ်ပစ်လိုက်သည်။

ငါ့ကို စကားလာမပြောနဲ့ [Don't Talk To Me - Myanmar Translation] Where stories live. Discover now