အခန်း ၅ Zawgyi

126 19 0
                                    


DTTM : မိဘတစ်ဦးက အုတ်ဂျုံယာဂုပန်းကန်ကိုကိုင်ပြီး ခန်းမထဲကို ဝင်လာခဲ့တယ်။

နောက် ၂ နာရီအကြာတွင် ယွီရှန်းသည် "ဒီမေးခွန်း ၅ ခုကို ဖြတ်ပြီး ဘယ်လို အငွေ့ပျံသွားလိုက်ရမလဲ" ဆိုတဲ့ ရင်သပ်ရှုမောဖွယ်ကမ္ဘာထဲကို ရောက်သွားသည်။

တစ်ချိန်တည်းမှာပင် သူသည် မိသားစုဝင်တွေ တစ်ခါလောက်အလည်လာရအောင် လုပ်ထားတဲ့ ဒီမေးခွန်းပုံစံကြီးကို အပြင်းအထန်ကြိုးစားပြီး ဖြေဆိုလျက်ရှိသည်။

ဒီမေးခွန်းလွှာက မှန်းဆကာ ရမ်းသမ်းပြီးဖြေရန်ပြင်ဆင်လာသူများအား ညှဉ်းပန်းနှိပ်စက်ရန် အထူး
စီစဉ်ထားပုံရသည်။တစ်ခါတစ်ရံ သူ့အမြန်နှုန်းနှင့် ရွေးချယ်မှုများအပေါ် မက်ဆေ့ဘောက်စ်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး သူ့သဘောထားကို ပြုပြင်ရန်အတွက် ABCD ရွေးချယ်မှုအသစ်တစ်ခု ဖြစ်ပေါ်လာစေရန် ထည့်သွင်းထားသေးသည်။

ပြောရရင် သူဖြေတာမြန်လွန်းတဲ့အတွက် နောက်ထပ် 10 စက္ကန့်လောက် စဉ်းစားဖို့ အတင်းအကြပ်ရပ်ခိုင်းတဲ့ အချိန်တွေတောင် ရှိသေးသည်။

လက်ထဲတွင် မောက်စ်ကိုကိုင်ကာ ယွီရှန်းသည်အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ၃ကြိမ်မြောက်ရပ်နားပြီး စဉ်းစားရန် အမိန့်ပေးလိုက် သောအခါခေါင်းကို မော့လိုက်သည်။

စာမေးပွဲခန်းတစ်ခုလုံးကို အာရုံစူးစိုက်မှုဖြင့် ထိန်းချုပ်ထားသည်။

အခန်းစောင့်ဆရာ အနည်းငယ်က အခန်းကို အပြန်ပြန် အလှန်လှန် သွားကာ စောင့်ကြည့်နေကြပြီးခရိုင်ပွိုင့်မှ ကျောင်းသားများကတော့ အာရုံစူးစိုက်မှုအပြည့်ရှိကြသည်။ မေးခွန်းတစ်ခုပြီးတစ်ခုကို စက္ကန့်မလပ် ပြတ်ပြတ်သားသား အရှိန်အဟုန်နဲ့ကို ဖြေဆိုနေကြသည်။

စာမေးပွဲခန်းတစ်ခုလုံး တိတ်ဆိတ်နေပြီး နာရီသံချက်သံကိုတောင် ကြားနေရတယ်။မောက်စ်များကို ကလစ်သံများကိုလည်း ကြိုကြားကြိုကြား ကြားရသေးသည်။

သူ့ဘေးနားက ဒွမ်လေ့ကတော့ဖန်သားပြင်ကို အသေအလဲ စိုက်ကြည့်နေပြီး အသက်ရှုကြပ်သွားပုံပင် ။ဘောပင်နဲ့ သူ့စာရွက်ကြမ်းပေါ်တွင် လျှောက်ခြစ်နေသည်။ သူ့ပုံစံက အလွန်အမင်း မှုန်ကုပ်နေကာ သူ့မျက်နှာသည် အားစိုက်ထုတ်မှုကြောင့် ပန်းရောင်ပင်ပြောင်းသွားသည်။

ငါ့ကို စကားလာမပြောနဲ့ [Don't Talk To Me - Myanmar Translation] Where stories live. Discover now