အခန်း ၈

320 32 4
                                    


DTTM : စာမေးပွဲ မ​​ဖြေခင် မင်း ဘာမှတော့ မပြောခဲ့ဘူး မို့လား။

ယွီရှန်း သေချာသိလိုက်ပြီ။ ဒီလူက ခေါင်းသိပ်မကောင်းဘူးထင်တယ်။

ဒီလိုမျိုး အရမ်းရင်းနှီးသလို လွန်လွန်ကဲကဲပြုမှုတတ်တဲ့ လူမျိုးက ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။ ထိုသူ့မျက်နှာကို ထိုးလိုက်ဖို့ရာ ဆန္ဒက မထိန်းနိုင်တော့တဲ့ အနေအထားကိုတောင် ရောက်လာပြီ။

သူ့ခေါင်းပေါ်တင်ထားတဲ့ လက်ကိုလည်း အလိုက်တသိ ဖယ်မသွားသေးဘူး။ ယွီရှန်းသည် လက်မောင်းကို လှုပ်လိုက်သော်လည်း ထူးထူးခြားခြား ထိုသူ့လက်ကိုဖယ်ရန် မမြှောက်လိုက်မိချေ။

ယွီရှန်းက မျက်စိစုံမှိတ်ရင်း အသက်ပြင်းပြင်းရှုကာ

"လက်ကိုဖယ်လိုက်။"

သူ့ပုံစံက တကယ်လို့ နရင်းထအုပ်ခံလိုက်ရရင် ချက်ချင်း ပြန်ချမယ့်ပုံပင်။ သူ့စိတ်ထဲကအကြံကို ထိုလူက သိသွားသည်ထင် ထိုအနက်ရောင်ဝတ်စုံနဲ့လူက စိန်ခေါ်သည့်အလား ပိုလို့တောင် ခေါင်းကို ထပ်မံဖွလာပြန်သည်။

ထိုသူသည် နောက်ပြန်ဆုတ်ကာ ဆံပင်များ​ကြားမှ ယွီရှန်း၏ လက်သီးချက်ကို လစ်ခနဲ ပွတ်ကာသီကာ​​လေး ရှောင်လိုက်နိုင်သည်။ ထိုလက်သီးချက်ကြောင့် လေ​အေးတစ်ချက်က ထိုသူ့နားမှဖြတ်သွားသည်။

ထိုအနက်ရောင်ဝတ်စုံနဲ့လူက ခွေးခြေခုံပေါ် ပြန်ထိုင််လိုက်ပြီး ခုံက မတည်မ​ငြိမ်​ဖြစ်​နေသည်မို့ စားပွဲကိုမှီရပ်လိုက်သည်။ထို့နောက် သူ့တွင် ပြောစရာစကားတွေရှိနေသေးသလို မော့ကြည့်လာသည်။

ခွေးခြေကို ဟန်ချက်ညီအောင်ကပ်ထားသော သစ်သား အလွှာက မြေကြီးပေါ်တွင် ကပ်နေပြီး ခွေခြေတွေ ခြေထောက်နှစ်ချောင်းသာရှိသည်။ နှစ်ပေါင်းများစွာ ပြုပြင်မွမ်းမံထားခြင်းမရှိတာမို့ ခွေးခြေအစိတ်အပိုင်းများက ထိုသူ့လှုပ်ရှားမှုများနှင့်အတူ အက်ကွဲလာသည်။

ယွီရှန်းက လှည့်ပြီး သူ့အတွက် တံခါးဖွင့်ပေးလိုက်သည်။

အတန်ငယ်ရှေးကျသောတံခါးက ၎င်းဘေးရှိ သတ္တုဗီရိုပေါ်သို့ ဆောင့်မိသွားပြီး လူအနည်းငယ်သာ ဖြတ်သွားလာနေသည့် ​​ကော်ရိတ်တာအတွင်း​ မြည်သံက ပဲ့တင်ထပ်သံကို ဖြစ်သွားစေသည်။

ငါ့ကို စကားလာမပြောနဲ့ [Don't Talk To Me - Myanmar Translation] Where stories live. Discover now