🔞 𝚂𝚎𝚡𝚞𝚊𝚕 𝚂𝚎𝚌𝚛𝚎𝚝𝚊𝚛𝚢 🔞
Unicode
by (hee-fei)
လူသန်းပေါင်းများစွာလှုပ်ရှားသွားလာနေသည့် မနက်ခင်းအချိန်တွင် လက်ဆွဲအိတ်ကိုကိုင်ကာ ရထားဘူတာလမ်းတစ်လျှောက် မည်သူတစ်ဦးတစ်ယောက်ကိုမှ တစ်ချက်လေးတောင်မကြည့်ဘဲ ပြေးလာသည့် ထယ်ယောင်း
အကြောင်းအရင်းကတော့ သူနောက်ကျနေပြီလေ။မနေ့ညက သူဒီလိုနောက်ကျမည်စိုးလို့ ညမအိပ်ခင် alarm ပေးခဲ့ပေမယ့် alarm ကမမြည်တာလား။ သူပဲ့ပိတ်မိပြီး ပြန်အိပ်မိတာလားမသိတော့ပါဘူး။အိပ်ယာနိုးလို့နာရီကြည့်လိုက်ချိန်ဆိုရင် မနက်၉နာရီ တောင်ထိုးနေပြီ။ သူတော်တော်လေးနောက်ကျနေပြီ။မနက်စာတောင်မစားခဲ့ရပါဘူး အခုတော့ပြေးလွှားနေရပြီ။ မနက်ခင်း လူတွေအကုန်လုံးအလုပ်သွားချိန်ဆိုတော့ လမ်းတစ်လျှောက်ပြည့်ကျပ်နေတော့တာပဲ့။
ရထားဂိတ်လည်းရောက်တော့
ဟော.....တွေ့ပါပြီ။ ကျွန်တော့်ကိုရပ်ပြီးစောင့်နေသည့် ကျွန်တော့သူဋ္ဌေး။ သူဋ္ဌေးဆိုပေမယ့် အသက်ကြီးကြီးတော့မဟုတ်ပါ။ ကျွန်တော့ထက် ၃နှစ်မျှသာကြီးသည့် အသက်ငယ်ငယ် အရပ်မြင့်မြင့် အရုပ်ချောချော ပြိုတိုင်းကြိုက်သည့်ပန်းတစ်ပွင့်။ ယောကျာ်းလေးတစ်ယောက်ကို ပန်းနဲ့မတင်စားသင့်တာသိပေမယ့်ပေါ့.....
သူ့အနားကိုပြေးသွားလိုက်ပြီး ပထမဆုံးစကားအရင်မပြောနိုင်သေးဘူး အမောအရင်ဖြေရတယ်။ အခုသူအရမ်းမောနေတယ်။ တစ်လမ်းလုံးမနားဘဲတောက်လျှောက်ပြေးလာခဲ့သည်လေ။အမောမဖြေဘဲစကားဆက်ပြောနေရင် ဒီနေရာမှာတင်အသက်ထွက်သွားနိုင်သည်။ အမောဖြေနေတုန်း သူဋ္ဌေးက ကျွန်တော့်ဘက်ကို လှည့်ကြည့်လာသည်။
" ဟူး....တောင်းပန်ပါတယ်သူဋ္ဌေး ကျွန်တော်နောက်ကျသွားတယ်။ မနက်...မနက်..က"
" ရပါတယ်.... ကိုယ်အဆင်ပြေတယ်"
ကျွန်တော်ရှင်းပြမလို့ရှိသေးသည် သူဋ္ဌေးက ကျွန်တော့်ကို ပြုံပြကာ အဆင်ပြေကြောင်းပြောနေတယ်။ အခုလည်းအဆင်ပြေကြောင်းပြောပြီး ရထားပေါ်တက်သွားတယ်။
YOU ARE READING
🔞 𝚂𝚎𝚡 𝙿𝚊𝚛𝚝𝚗𝚎𝚛 🔞 (𝚃𝚊𝚎𝚔𝚘𝚘𝚔) (+)
Short StorySex partner သည် (+)ficဖြစ်သည့်အတွက် အသက်မပြည့်သေးသည့်ခလေးများဝင်မဖတ်ပါနဲ့။ ဒါကလည်း ဖိန်းအမြဲသတိပေးနေကြပါ။