🔞 𝑨𝒄𝒄𝒐𝒓𝒅𝒊𝒏𝒈 𝒕𝒐 𝒉𝒊𝒔 𝒘𝒊𝒍𝒍 🔞
hee-fei
ဒီနေ့ကတော့ ကင်ထယ်ယောင်းတို့ကံဆိုးတဲ့နေ့ပါပဲ့။ အလုပ်ပြန်ချိန် ထီးမပါပါဘူးဆိုမွ မိုးကရွာချလာတယ်။အိမ်ကိုဖုန်းဆက်ပြီး ထီးလာပို့ခိုင်းမည်ဆိုတော့လည်း အိမ်ကလူတွေကတစ်ယောက်မှဖုန်းမကိုင်။ စိတ်ညစ်ညစ်နဲ့ပင် တောက်ခေါက်ကာ အိမ်ပြန်ရောက်လည်းရေချိုးရမည်ဆိုတော့ ဒီအတိုင်း သာအိမ်ပြန်ရန်ဆုံးဖြတ်လိုက်တော့တယ်။
ညကလည်း ဖြစ်နေပြီးမိုးကလည်း တစ်ဖွဲနှစ်ဖွဲကနေ စိတ်ကြိုက်ကိုရွာချနေတော့သည်။ အိမ်ကလည်း အလုပ်နဲ့ဝေးကလည်းဝေး လူခြေလည်းတိတ်တော့ လမ်းလျှောက်နေရင်းနဲ့တောင်ကျက်သေးတွေတစ်ဖြန်းဖြန်းထ နေတယ်။
ဒီနေ့မှကွာ.....စိတ်ကလည်းတိုချင်တယ်။ကြောက်စိတ်ကလည်း ဝင်နေသေးသည်။ ကြောက်စိတ်ဝင်တာတစ်ခြားမဟုတ်ဘူး။ကိုယ့်အနောက်က တစ်ယောက်ယောက်လိုက်နေသလိုခံစားရလို့ပင်။
အစကကြောက်လို့လှည့်မကြည့်ရဲဘူး။ခြေလှမ်းတွေကိုမြန်နိုင်သမျှခပ်သွက်သွက်လေး လျှောက်နေမိသည်။ သူခပ်မြန်မြန်လေးလျှောက်တိုင်း အနောက်ကခြေသံကထပ်တူပင် ပို၍ပို၍မြန်မြန်လာသည်။
လျှောက်နေတုန်းပင် ထိုလူကျွန်တော့်လက်ကို ဇတ်ခနဲလှမ်းဆွဲလိုက်တော့ ကျွန်တော့်ခန္တာကိုယ်ကသူ့ရင် ခွင်ထဲအံဝင်ဂွင်ကျရောက်နှင့်ပြီးသား။ဒါတင်မကသေးဘူး ကျွန်တော့လည်ပင်းကိုလာထောက်ထားသော အချွန်တံ
ကျွန်တော့မှာကြောက်လွန်းလို့ မိုးရေပြင်ကြီးထဲမှာ ချွေးတွေတောင်ထွက်ချင်နေခဲ့ပြီ။ဘယ်သူလဲလို့မေးချင်သော်ငြားလည်း ဒီအချိန်မှ အသံက ထစ်နေတယ်
" ဘယ်....ဘယ်.....ဘယ်သူလဲခင်ဗျားက"
" shit...ပါးစပ်ပိတ်ပြီး ကိုယ်နဲ့အတူလိုက်ခဲ့။ ဒီနေရာမှာတင်မသေချင်ရင်ပေါ့"
ထိုအသံကိုသူရင်းနှီးသည်။ရင်းရင်းနှီးနှီးကိုပက် " ခင်ဗျားဘယ်သူလဲလို့"
YOU ARE READING
🔞 𝚂𝚎𝚡 𝙿𝚊𝚛𝚝𝚗𝚎𝚛 🔞 (𝚃𝚊𝚎𝚔𝚘𝚘𝚔) (+)
Short StorySex partner သည် (+)ficဖြစ်သည့်အတွက် အသက်မပြည့်သေးသည့်ခလေးများဝင်မဖတ်ပါနဲ့။ ဒါကလည်း ဖိန်းအမြဲသတိပေးနေကြပါ။