🔞 Concert Behind 🔞
hee-fei
ဤ fic သည့် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်။
သီချင်းသံတွေနဲ့ ဆူညံပွက်လွန်း ရိုက်နေသည့် Concert ထဲတွင်
" ထယ်.....အရမ်း မသောက်နဲ့နော်"
" အင်းပါ ဂျောင်ဂုကလည်း ထယ် ကိုင်ထားရုံလေးလေနော် "
" ဘာလဲ လူရှိန်အောင်လား"
" ဂျောင်ဂု နော်...."
နှုတ်ခမ်းလေး ဆူပြီး ဂျောင်ဂုနော်....လို့ပြောတာလေးကိုပဲ့ ဒီကကောင်ကြီးက အူယားအသည်းယားပြီး ချစ်မဝနိုင်ဖြစ်နေရတာ။အခုလည်း ကျွန်တော်က ဟိုဘီဟျောင်းတို့နဲ့အတူ harry concert ကို သွားမလို့ လုပ်နေတာ သူပါလိုက်ခဲ့မှာတဲ့လေ။ ကိုယ်က စိတ်မချလို့ ခေါ်တောင်မခေါ်ပါဘူးဆိုမှ ဂျီမင်းဟျောင်းပေါ့ သူ့ချင်းဂုကို ပြောဖြစ်အောင်သွားပြောလိုက်သေးတယ်လေ။အက်မှာပဲ့ သူ့ကို မခေါ်ဘူးဆိုပြီး ကောက်တော့တာလေ။
ကိုယ့်သဲလေး ကောက်ရင် မနေနိုင်တဲ့ ဒီက ကောင်ကြီးကပဲ့ စိတ်ဆိုးပြေအောင် မခေါ်ချင်လဲ ခေါ်လာခဲ့ရတော့တယ်လေ။
ဒီရောက်တော့လည်း သူလည်း သောက်ချင်သည်တဲ့လေ။ ကိုယ်က လူမှုရေးအရပဲ့ သောက်တာကို ဒီက သဲလေးက သူ့ကို ပေးမသောက်လို့ဆိုပြီး ကောက်ပြန်သေးတယ်လေ။ ကျွန်တော်နဲ့ ချစ်သူဖြစ်ပြီးနောက်ပိုင်း သဲလေးက တစ်နေ့တစ်မျိုး မရိုးနိုက်အောင်ကောက်တတ်လာသည်လေ။
သူကအနိုင်ယူချင်တော့လည်း ကိုယ်ကပဲ့ အလျော့ပေးရတာပေါ့။ ချစ်လို့လေ။ ချစ်လွန်းလို့ ဂျွန်ဂျောင်ဂု အပိုင်ဖြစ်အောင် သိမ်းထားရသည်လေ။
အခုလည်း သီချင်းလေးမရတရလိုက်ဆိုပြီး ကနေသေးသည်။ ကိုယ်နဲ့ အဝေးရောက်သွားမှာဆိုးလို့ သူ့နားကပ်နေပါတယ်ဆိုမှ သူက တောင်ရောက်လိုက်မြောက်ရောက်လိုက်လေ။ ကျွန်တော့်မှာ သောက်လို့မမူးဘူး ဒီ အဆိုးလေးကို လိုက်ထိန်းနေရတာနဲ့ လူတကယ်မူးလာတယ်။
YOU ARE READING
🔞 𝚂𝚎𝚡 𝙿𝚊𝚛𝚝𝚗𝚎𝚛 🔞 (𝚃𝚊𝚎𝚔𝚘𝚘𝚔) (+)
Short StorySex partner သည် (+)ficဖြစ်သည့်အတွက် အသက်မပြည့်သေးသည့်ခလေးများဝင်မဖတ်ပါနဲ့။ ဒါကလည်း ဖိန်းအမြဲသတိပေးနေကြပါ။