[Unicode]
{ ဤ fic ထဲတွင် ပါဝင်သော အကြောင်းအရာအားလုံးသည် စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပါသည်။
မည်သူ့ တစ်စုံတစ်ယောက်ကိုမှ ရည်ရွယ်၍
ထိခိုက်နစ်နာစေလိုခြင်းမရှိပါ။ }နံနက်ခင်း အချိန်အခါတွင် လူသားတို့ဟာ တစ်နေ့တာ တာဝန်များကို ကိုယ်စီထမ်းဆောင်ရန် တစ်ဖန်ပြန်လည် နိုးထလာကြရသည်။
တီ တီ တီ တီ....
"ဟင်း....... မနက်ရောက်တာကလည်း မြန်လိုက်တာ"
ကုတင်ဘေးမှာရှိတဲ့ စာကြည့်စားပွဲပေါ်က နှိုးစက်သံမြည်နေသော ဖုန်းကို လှမ်းပိတ်လိုက်ပြီးနောက် ဂျယ်ယွန်း တစ်ယောက် ပြန်အိပ်ပျော်သွားလေသည်။
ထိုအချိန်တွင်
ဝုန်း!!!
ကြမ်းတမ်းလှတဲ့ တံခါးဖွင့်သံနှင့်အတူ
" ဟဲ့အကောင်..... ရှင်းမ်ဂျယ်ယွန်း ၊ နေဖင်ထိုးနေပြီ ထတော့ "
သာယာလှသော နံနက်ခင်းတွင် ဥဩငှက်တို့ရဲ့ သီကျူးသံအစား ကျွန်တော့် အစ်မရဲ့ မူလလက်ဟောင်း ငှက်ဆိုးထိုးသံကြီးကို အတိုင်းသား ကြားလိုက်ရသည်။ ဒါလည်း ကျွန်တော် ဆက်အိပ်နေဆဲပါ။
" ဟဲ့ အိပ်ရာထတော့...ဒီလိုနဲ့ ကျောင်းနောက်ကျတော့မယ် ၊ ဝန်းလေးတောင် မနက်စာစားဖို့ ပြင်ဆင်နေပြီ ၊ ကလေးလောက်တောင် ဝီရိယမရှိဘူး ၊ နင် မနေ့ညက ငါ့ကိုပြောတော့ ကျူတို ရှိတယ်ဆို ၊ သွားမဖြေဘူးလား "
"ဟမ်!!!! ဟုတ်သားပဲ ၊ ဒီနေ့ ကျူတို ရှိတာပဲ ၊
အမလေး အမလေး ငါမေ့နေတာ... "ထိုအခါမှ ဂျယ်ယွန်း တစ်ယောက် အလန့်တကြား ကုတင်ပေါ်ကနေဆင်းပြီး ရေချိုးခန်းထဲသို့ ပြေးဝင်သွားလေသည်။
" အမလေး.... ဉာဏ်ကောင်းလို့သာ ဆေးကျောင်းသား ဖြစ်လာတာ ၊ အခုချိန်ထိ အိပ်ရာထတာက အစ လိုက်ပြောနေရတုန်း "
ဆူယွန်း တစ်ယောက် အဘွားကြီးပေါက်စလို ပွစိပွစိပြောလျက် ထမင်းစားခန်းသို့ ဆင်းသွားလေ၏
" ဆူယွန်း "
ဟုတ်ပါတယ် ကျွန်မနာမည် "ရှင်းမ်ဆူယွန်း" ပါ။
ဂျူဒန်းထယ် ရဲ့ မိန်းမတော့ မဟုတ်ပါဘူး ၊
စတုတ္ထနှစ် ဥပဒေမေဂျာ က တက္ကသိုလ်ကျောင်းသူပါ။
YOU ARE READING
𝐒𝐖𝐄𝐄𝐓 𝐋𝐢𝐤𝐞 𝐇𝐎𝐍𝐄𝐘 (HAITUS)
DragosteBaby, Your smile is as sweet as HONEY 💛 ENHYPEN Myanmar (Burmese) fan fic