[Unicode]
{ ဤ fic ထဲတွင်ပါဝင်သော အကြောင်းအရာအားလုံးသည် စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။ မည်သူ့ တစ်စုံတစ်ယောက်ကိုမှ ရည်ရွယ်၍ ထိခိုက်နစ်နာစေလိုခြင်းမရှိပါ။ reality နှင့် imaginary အား မရောထွေးကြပါရန် မေတ္တာရပ်ခံပါသည်။ }
ဌာနအတွင်းသို့ ကျော့မော့စွာ လျှောက်လှမ်းလာတဲ့ ပတ်ဂျုံဆောင်းကြောင့် ကျောင်းသူများဟာ ဓာတ်ပုံရိုက်တဲ့သူကရိုက် ၊ လက်ဆောင်ပေးတဲ့သူကပေးနဲ့ ဆူညံပွက်လောရိုက်နေကြသည်။
ထိုအရာများဟာ ဂျုံဆောင်း တစ်ယောက် ကျောင်းလာတိုင်း နေ့စဉ်ကြုံတွေ့နေကျမို့လို့ အထူးတလည် အရေးတယူလုပ်ပြီး ဂရုစိုက်မနေပါ။ ထိုအချိန်တွင်...
" ကို... ဆိုဟီးတို့ စကား ခဏလောက်ပြောကြရအောင် "
" မင်းနဲ့ငါနဲ့ ကြားမှ ပြောစရာစကားမရှိတော့ဘူး ထင်တယ် ၊ မနေ့ထဲက ငါ မင်းကို စကားအပြတ်ပြောပြီးသွားပြီလေ "
ဂျုံဆောင်း သူ့ရှေ့မှာပိတ်ရပ်နေတဲ့ မနေ့ကမှ ပူပူနွေးနွေး လမ်းခွဲပြတ်ဆဲထားတဲ့ ရည်းစားဟောင်း ကောင်မလေး ဂန်ဆိုဟီး ကို ဘာမှမဖြစ်သလိုမျိုး အေးဆေးတည်ငြိမ်စွာ တုံ့ပြန်လာသည်။
" ကိုက ပြတ်နိုင်ပင်မယ့် ဆိုဟီးက မပြတ်နိုင်ဘူးလေ ၊ဆိုဟီး ကို့အပေါ် ဘာအမှားလုပ်မိလို့လဲဟင် ၊ ဆိုဟီး တောင်းပန်ပါတယ် ကိုရယ် ၊ လမ်းတော့မခွဲလိုက်ပါနဲ့နော် ၊ ဆိုဟီး ကို့ကို အရင်ကထက် ပိုပြီးဂရုစိုက်ပေးပါ့မယ် "
ဆိုဟီး တစ်ယောက် ငိုကြီးချက်မနဲ့ ဂျုံဆောင်း လက်အား ဆုပ်ကိုင်ကာ ရှိခိုးမတတ် တောင်းပန်နေ၏။
" ငါ မင်းကို စိတ်ပျက်တာ အဲ့ဒါတွေပဲ ၊ နေရာတကာ တွယ်ကပ်ပြီး သဝန်ကြောင်လွန်းတဲ့ မင်းရဲ့ အဲ့လို ကလေးဆန်တဲ့ အပြုအမူတွေကြောင့် မင်းကို စိတ်ကုန်ပြီး ဆက်မတွဲနိုင်တော့တာ ရှင်းပြီလား ၊ အခုကစပြီး ကိုယ့်လမ်းကိုယ် သွားတော့ ၊ ဖယ်!!! ငါ့ရှေ့ကနေ "
ဂျုံဆောင်း ပြောဆိုလျက် ဆိုဟီး လက်ထဲမှ သူ့လက်ကအား ရုန်းလိုက်ပြီးနောက် ဆိုဟီးရဲ့ ပုခုံးကိုတိုက်ပြီး ထွက်သွားတော့ ဆိုဟီးတစ်ယောက် ကမ္ဘာပျက်သလိုမျိုး ငိုယိုပြီး ကျန်ခဲ့လေ၏။
YOU ARE READING
𝐒𝐖𝐄𝐄𝐓 𝐋𝐢𝐤𝐞 𝐇𝐎𝐍𝐄𝐘 (HAITUS)
DragosteBaby, Your smile is as sweet as HONEY 💛 ENHYPEN Myanmar (Burmese) fan fic