ဂျုံအင်းလုံးဝပြန်လှည့်မလာဘူးဆိုတာသိတော့ ဆယ်ဟွန်းစိတ်တွေပြန်စုစည်းပြီးသူ့ကားစီပြန်သွားကာ ကားပေါ်တက်ထိုင်ရင်း ကားစီဒီယာပေါ်ခေါင်းခဏမှောက်နေလိုက်သည်
~တင်~
messageဝင်လာသံကြားတော့ ဂျုံအင်းများလားဆိုပြီးmessageကိုအမြန်ဖွင့်ကြည့်လိုက်သည် ထင်တဲ့အတိုင်းဂျုံအင်းဖြစ်နေပါသော်လဲ*ငါ့အိမ်မှာရှိနေတဲ့မင်းရဲ့ ပစ္စည်းတချို့ကိုမင်းအိမ်ကိုပြန်ပို့ပေးလိုက်မယ်
နောက်ငါတို့နှစ်ယောက်မှာဘာမှပတ်သတ်စရာအကြောင်းမရှိတော့ဘူး မင်းနဲ့ပတ်သတ်တဲ့socialအားလုံးငါဖျက်ပစ်ထားမှာမို့ ငါ့ကိုဘယ်ကနေမှမဆက်သွယ်ပါနဲ့*ဆယ်ဟွန်းmessageကိုဖတ်ပြီး ဖုန်းကိုဘေးခုံကိုပစ်ပေါက်လိုက်ကာ ကားစီဒီယာကို လက်နဲ့တဖုန်းဖုန်းထုရိုက်ကာ မျက်ရည်များလဲစီးကျနေသည်
"စိတ်ဆိုးသွားလို့ပြောတယ်လို့ထင်ခဲ့တာလေ လုပ်ရက်လိုက်တာ ရတယ်ခင်များကပြတ်နိုင်သလို ကျွန်တော်လဲပြတ်နိုင်တယ်"...
******************************
ဆယ်ဟွန်း ဂျုံအင်းနှင့်လမ်းခွဲခဲ့သည့်နောက်နေ့တစ်ရက်ပဲရုံးတက်ပြီး ပြန်လာသည်နှင့် ဂျုံအင်းအိမ်မှာရှိတဲ့သူ့ပစ္စည်းတချို့အကုန်အိမ်ကိုပြန်ရောက်နေပြီ
ဆယ်ဟွန်းလဲ luggageနှစ်ခုနှင့် sport bagတစ်ခုကိုအပေါ်ထပ်သို့သယ်လာပြီး အဆင်ပြေသလိုပစ်ထားလိုက်သည်
ထို့နောက် ကုတင်ပေါ်ခြေပစ်လက်ပစ်လှဲချပစ်ပြီး မျက်နှာပေါ်လက်ဖဝါးတွေနှင့်အုပ်ထားရင် သက်ပြင်းမောတချို့ချမိသည် မျက်ရည်အနဲငယ်လဲဝဲလို့
~ဒေါက် ဒေါက် ဒေါက်~
"သား မေမေဝင်လာမယ်နော်"
တစ်ခါးခေါက်သံကြားသည်နှင့်ချက်ခြင်းငုတ်တုတ်ထထိုင်ကာ ဝဲနေသောမျက်ရည်များလဲကျမလာအောင် လက်ဖြင့်မျက်လုံးကိုပွတ်လိုက်သည်
ဆယ်ဟွန်းအမေလဲအထဲရောက်သည်နှင့် သူ့သားအခြေအနေကိုကြည့်ပြီး ခေါင်းခါမိကာ ဆယ်ဟွန်းရဲ့ဘေးနား ကုတင်ထောင့်စွန်းမှာဝင်ထိုင်လိုက်သည်
YOU ARE READING
EXISTENCE
Fanfiction~ကိုကိုကတဖြေးဖြေးနဲ့ ကျွန်တော်ရဲ့ ခန္ဓာအသွေးအသားလည်ပတ်မှုတွေနဲ့အတူ မရှိမဖြစ်လိုအပ်တဲ့ ဖြစ်တည်မှု့လေးတစ်ခုဖြစ်လာပြီ~ #Sehun ~ငါ့ရဲ့ဖြစ်တည်မှု့ကို လက်မခံနိုင်တဲ့သူဖြစ်နေမှတော့ ငါကမင်းကိုစောက်ရမ်းချစ်နေရင်လဲ လက်လွှတ်ရဲတယ် ~ #Jongin