"ကိုကို"... "ကိုကိုလို့"... "ကိုကိုရေလို့"
"ပြောလေဟွန်းနီ"
"ကိုကိုဒီကိုကြည့်ဉီးလေ ဒီကိုကြည့်မှ ကျွန်တော်ကပြောလို့ရမှာပေါ့"
ထိုခါမှ ဗလာစာအုပ်တစ်အုပ်နှင့်အလုပ်ရှုတ်နေသောကင်ဂျုံအင်းတစ်ယောက် သူ့ခါးကိုမလွတ်တမ်းဖက်ပြီး ပခုံးပေါ်မေးတင်ကာ ဂျစ်တူးလုပ်နေသော သူ့ရဲ့ချစ်သူကောင်လေးအိုဆယ်ဟွန်းအားလှည့်ကြည့်လာကာ
"ကဲပြောပါဗျာ"
"ကိုကိုကလဲပဲ ကျွန်တော်လာတိုင်းအမြဲအဲ့စာရင်းတွေပဲလုပ်နေတော့တာပဲ"
"ဪ ဟွန်းနီရယ် ကိုကိုအချိန်ပိုင်းအလုပ်တွေလုပ်လိုရတဲ့လခနဲ့ အိမ်ခန်းစရိတ် မီတာခ ဖုန်းဘေ ဘွိုင်လာဖိုးဒါတွေတွက်ရတယ်လေ အဲဒါမှမပိုလျှံရင် တခြားအချိန်ပိုင်းအလုပ်တွေထပ်ထပ်ရှာကြည့်ရမှာပေါ့"
"ကိုကိုကဗျာ ကျွန်တော်နဲ့အလုပ်အတူတူလျှောက်ဆိုတုန်းကလဲမလျှောက်ဘူး
ကျွန်တော့်ဦးလေးအလုပ်မှာလူခေါ်တယ်ဆိုတုန်းကလဲမဝင်ဘူး
ကျွန်တော်ကိုကို့ကိုအလုပ်တစ်ခုခုအတည်တကျလုပ်စေချင်ပြီရယ်
အချိန်ပိုင်းတွေပတ်လုပ်နေရင်း ကိုကိုပင်ပန်းတာမကြည့်ချင်တော့ဘူးဗျ"
ဂျုံအင်းတစ်ယောက်သက်ပြင်းတစ်ချက်ချကာ ဆယ်ဟွန်းနီရဲ့ပါးဖောင်းဖောင်းလေးနှစ်ဖက်ကိုလက်ဖဝါးတွေနဲ့အုပ်ကိုင်ရင်း
"ဟွန်းနီ ကိုကိုကအလုပ်တစ်ခုထဲကိုပဲအတည်တကျကြီးဆောက်ချလုပ်ရတာဝါသနာမှမပါတာလို့ပြောဖူးတယ်လေ
ကိုကိုအဲ့လိုမျိုးအချိန်ပိုင်းအလုပ်တွေလိုက်လုပ်ရတာသဘောကျတယ်လို့ ပြီးတော့ပိုက်ဆံလဲပိုလျှံလို့စုဖြစ်တယ်
ပြီးတော့ anniversaryတိုင်းဟွန်းနီတွက် ကိုကို့ဘက်ကမလစ်ဟင်းရပဲလက်ဆောင်တွေပေးနိုင်တယ်လေ"
ဆယ်ဟွန်းတစ်ယောက် ဂျုံအင်းရဲ့နောက်ဆုံးစကားအား မျက်ခုံးတွေတွန့်ကွေးသွားပြီး ဂျုံအင်းရဲ့လက်နှစ်ဖက်ကိုဖယ်ချလိုက်ကာ ထိုင်ရာမှမတပ်ထပြီး ဂျုံအင်းအားကျောပေးကာ ခါးထောက်၍ရပ်နေလိုက်သည်
![](https://img.wattpad.com/cover/292581692-288-k706734.jpg)
YOU ARE READING
EXISTENCE
Fanfiction~ကိုကိုကတဖြေးဖြေးနဲ့ ကျွန်တော်ရဲ့ ခန္ဓာအသွေးအသားလည်ပတ်မှုတွေနဲ့အတူ မရှိမဖြစ်လိုအပ်တဲ့ ဖြစ်တည်မှု့လေးတစ်ခုဖြစ်လာပြီ~ #Sehun ~ငါ့ရဲ့ဖြစ်တည်မှု့ကို လက်မခံနိုင်တဲ့သူဖြစ်နေမှတော့ ငါကမင်းကိုစောက်ရမ်းချစ်နေရင်လဲ လက်လွှတ်ရဲတယ် ~ #Jongin