Final(zawgyi)

57 1 0
                                    

Warning Adult ⚠️

ဆယ်ဟွန်းကားအမြန်ဆုံးမောင်းပြီးရောက်လာခဲ့သည် တိုက်ခန်းပေါ်တက်တဲ့အထိသူရင်ခုန်နေတုန်းပဲ မတွေ့ရတာ၂လကျော်ပြီလေ

အခန်းရှေ့ရောက်တော့pwနှိပ်ပြီးဝင်လိုက်ရမလား အရမ်းဇွတ်တရွတ်နိုင်ရာကျမလားအတွေးပေါင်းစုံနဲ့ဘဲလ်ပဲတီးလိုက်သည်

ကိုကိုကဘာပစ္စည်ကျန်ခဲ့သည်ဘာသည်မပြောပေမဲ့ တကယ်ကိုကို့ဖက်ကတော့စမချော့လောက်ဘူးမို့သူပဲစချော့မည်ဟုတွေ့ထားသည်...

ဂျုံအင်းmessageပို့ပြီးထဲက အရမ်းကိုရင်ခုန်နေတာ အလုပ်ကိစ္စကိုသိလောက်ပြီးပေမဲ့ဆယ်ဟွန်းနီကစမချော့ရင်တောင်သူကပဲအရင်စချော့မည်ဟုတွေးထားသည်

ခဏအကြာ...

~တီးတောင်~တီးတောင်~

ဂျုံအင်းဆိုဖာပေါ်ထိုင်နေရင်းမှ ဘဲလ်တီးသံကြားတော့ဆယ်ဟွန်းရောက်လာပြီဆိုတာသိလိုက်သည် တံခါးကိုအမြန်သွားဖွင့်ပေးလိုက်သည်

"ဪ လာပြီလား"

"အဟမ်းဟိုကျွန်တော့်ပစ္စည်းကျန်ခဲ့တာဆို အဲ အဲဒါလာယူတာ"

"အင်း ခဏဝင်ထိုင်ပါဦး ငါအလုပ်ရှုတ်နေလို့ ပြီးရင်ပေးမယ်"

ဂျုံအင်းကပြောတော့ဆယ်ဟွန်းခေါင်းညိတ်ပြီးအထဲဝင်လိုက်သည် ဒီအခန်းလေးထဲသူမရောက်တာ၂လကျော်ပြီ အရမ်းကိုလွမ်းနေခဲ့တာ

အိမ်ကသိပ်ပြီးတော့မစိမ်းသက်တာမို့ဆိုဖာပေါ်အမြန်ဝင်ထိုင်လိုက်သည်

"ထိုင်ဦးနော် ငါအ အလုပ်ရှုတ်နေလို့"

"မြန်မြန်ဗျ ကျွန်တော်အချိန်သိပ်မရဘူး"

"အင်း"
ဂျုံအင်းဘယ်လိုစချော့ရမှန်းမသိလို့ စကားကိုစိမ်းသက်သက်ပဲပြောနေမိသည်ထို့နောက် အလုပ်ရှုတ်ချင်ယောင်ဆောင်ကာ အခန်းထဲဝင်လဲမီးဖိုချောင်ထဲဝင်လိုက်နဲ့ ဂနာမငြိမ်

ဆယ်ဟွန်းကြည့်ရင်းအရမ်းကိုအသည်းယားနေသည် အလုပ်ရှုတ်တယ်ပြောပြီးဘာမှမလုပ်ပဲ

တစ်ယောက်ထဲဆိုmanlyဆန်ဆန်ခန့်ခန့်ညားညား ကိုကိုက သူနဲ့ယှဉ်လိုက်ရင်လူ‌ကောင်ကခပ်သေးသေးရယ်

EXISTENCEWhere stories live. Discover now