Part_1

42K 1.2K 7
                                    

Unicode

"ဘုတ်"

"အင့်"

ဒီနေ့ဂီတပျိုကshoppingလိုက်ပို့‌ပေးရန် ပူဆာသောကြောင့် ဟန်သာဘုန်းမြတ်Junction Cityသို့ထွက်ခဲ့သည်။အထုပ်တွေဆွဲ၍ liftထဲကအထွက် ရှေ့ကပြေးလာသောကလေးကအရှိန်မထိန်းနိုင်ပဲ ဟန်သာ့ကို‌ဝင်တိုက်သည်။

အဝါရောင်တီရှပ်လေးကိုနက်ပြာရောင်ဂျင်းဘောင်းဘီလေးထဲသို့ထည့်၍ဝတ်ပေးထားပြီး ဖင်လုံးလုံးလေးထစ်ထွက်နေသည်မှာချစ်စဖွယ်။
တစ်ကိုယ်လုံးဖြူစွတ်နေသည့် ဝက်ပေါက်လေးကလဲကျတုန်းက နာသွား၍ထင်၏။သူ့တင်ပါးလေးသူပွတ်၍ မျက်ရည်ဥကြီးတွေဝိုင်းနေလေသည်။

"အရမ်းနာသွားလားသားသား"

ဟန်သာထိုကလေးအရပ်နှင့်ညီအောင် မုဆိုးဒူးထောက်ထိုင်၍ ခေါင်းလေးကိုအသာပုတ်ပေးတော့ မျက်လုံးဝိုင်းကြီးနှင့်မော့ကြည့်နေသည်မှာအသဲယားစရာကောင်းသောကြောင့် ပါးကိုဆက်နမ်းလိုက်တော့ နောက်ဆုတ်သွား‌လေသည်။

"ဦးဦးကသားကိုသိလို့လား"

သူ့ပါးကိုနမ်း၍စူပုတ်ပုတ်နှင့်ပြန်မေးလာသောထိုကလေးကြောင့် သူရောပျိုပါသဘောကျသွားရသည်။

"သားသားကချစ်ဖို့ကောင်းလို့ဦးဦးကနမ်းမိတာပေါ့။လူကြီးတွေမပါဘူးလား"

ဟန်သာကလေးနောက်ကို‌ဝေ့ဝဲကြည့်၍ဆိုမိလေသည်။ကြည့်ရတာ အဆော့လွန်ပြီးလူကြီးတွေနဲ့ ကွဲလာပုံရသည်။

"သားသားပါးပါးပါပါတယ်။ပါးပါးလည်းဦးဦးလိုပဲ သားသားကများကြီးများကြီး ချစ်ဖို့ကောင်းတယ်ဆိုပြီး ပြောတယ်"

လက်လေးနှစ်ဖက်ကိုဝိုက်ပြ၍ခြေဟန်လက်ဟန်ဆိုနေသော အကောင်ပေါက်လေးကြောင့် ဖြတ်သွားဖြတ်လာတချို့ပါ အသဲတယားယားဖြစ်ကုန်ကြသည်။

"စုဗူးလေးရယ် ပါးပါးစိတ်ပူလိုက်ရတာ။ဘယ်နားထိခိုက်သွားသေးလဲ"

ရင်းနှီးနေသောအသံလေးနှင့်အတူရှေ့က ကလေးကိုစိုးရိမ်တကြီးမေးနေသော ကောင်လေးကြောင့် ဟန်သာအံ့သြသွားရသည်။
ဒီအသံ......
ဒီအသံ......
ငါးနှစ်လုံးလုံးသူသတိရနေမိသည့်ဒီအသံ။

My Bestfriend becomes My HusbandWhere stories live. Discover now