Ending

18.3K 660 16
                                    

Unicode

ညနေခင်း၏နေရောင်ကြောင့် လှိုင်းကြက်ခွပ်လေးတွေဟာပြိုးပြိုးပျောက်ပျောက်။
ညနေခင်းပေမို့ ကမ်းခြေတလျှောက် ဂီတာတီးသူများ ဘီယာသောက်နေကြသူများဖြင့်စီစီကားကားရှိလှသည်။
အနည်းငယ်လူရှင်းသည့်ဘက်တွင်တော့ ဦးငယ်တို့အုပ်စုရေကစားလျက်ရှိသည်။
အမှန်တွင်တော့ ဦးငယ်ကရေကြောက်သူဖြစ်သည်။သို့သော် သားကရေအရမ်းကြိုက်သူမို့ဦးငယ်ပါလိုက်ဆင်းနေရခြင်းပေ။

"လေးစိုင်း ဗူးဗူးကိုထိအောင်ပြစ်"

"ခွေးပေါက်လေး လွတ်အောင်ပြေးတော့"

ကလေးဝတ်အသက်ကယ်အကျီဝတ်ထားသည့်သားကို ကိုကိုကဂျိုင်းကနေမလျှက် ဘောလုံးပစ်တမ်းကစားနေကြခြင်းပင်။
သားကကိုကိုနှင့်တူခြင်းဖြစ်ပေလိမ့်မည်။
ဦးငယ်ကတောင်တန်းတွေကိုနှစ်ခြိုက်သလောက်သားက ကမ်းခြေကိုသဘောခွေ့လှသည်။

"ရေး...ပါးပါး ထိသွားပြီ"

သားအသံစူးစူးလေးနှင့်မိမိဆီဦးတည်လာသည့် ပင်လယ်ရေများကြောင့် ဦးငယ်အသိဝင်လာသည်။
အားလုံးဝိုင်းပတ်နေသည်မို့ မျက်နှာတွေမွန်းကာ ရေကိုထပ်ခါထပ်ခါသပ်ချနေမိသည်။

ရုတ်တရက် ရေစက်တွေဆဲသွားခြင်းနှင့်အတူ နွေးထွေးသည့်ရင်ခွင်ကျယ်ထဲရောက်ရှိသွားခြင်းကြောင့် မော့ကြည့်မိတော့ နှစ်ယောက်မရှိသည့်ကိုကိုဖြစ်သည်။
သားကိုအကို့ထံပေး၍ မိမိဆီပြေး၍ လာခဲ့ခြင်းဖြစ်ပေလိမ့်မည်။

"ဟန်သာ!မင်းမညစ်နဲ့"

"မတတ်နိုင်ဘူး မင်းတို့တအားပတ်တာ ငါ့ယောက်ျားရေမွန်းနေပြီ"

မိမိမျက်နှာထက်ကရေတွေကို
အပေါ်ပိုင်းဗလာနှင့်မို့ ကိုကို့၏တောင့်တင်းခိုင်မာသည့် ရင်အုပ်ကျယ်ကြီးတွေကိုခံစား‌မိနေကာ မိမိကိုဖက်တွယ်ထားသည့် လက်မောင်းတွေကအစကျစ်လစ်နေတာဖြစ်သည်။

"ကိုကို"

"ပြွတ်စ်!"

ရေတွင်နှင့်ကပ်နေသည့်shirtအဖြူကြောင့် တစ်ကိုယ်လုံးကိုထိုးဖောက်မြင်နေရသလို မိမိကိုမော့ကြည့်နေသည့် မျက်နှာလေးကဖြူဖွေးအိစက်နေကာ အေး၍ထင်၏။
နှုတ်ခမ်းလေးတွေကလှုပ်လီလှုပ်လဲ့။
မနေနိုင်စွာ နှုတ်ခမ်းကိုဖြတ်ခနဲနမ်းတော့ ချက်ချင်းအနီရောင်ဘက်ပြောင်းသွားသည်မို့ ဟန်သာအသံထွက်၍ ရယ်မောမိတော့ ရင်ဘတ်တွေပေါ်လက်သီးဆုပ်တွေကျရောက်လာသည်။

My Bestfriend becomes My HusbandWhere stories live. Discover now