Unicode
နန်းတော်သမျှကြီးမားလှသည့် အိမ်ကြီးတစ်အိမ်လုံး မာမီ့ဆီမှထွက်လာသည့် ငိုရှိုက်သံသေးသေးမှအပ အပ်ကျသံပင်မကြားရအောင်ပင်တိတ်ဆိတ်လျှက်ရှိသည်။
ဟန်သာသည်လည်းခေါင်းငုံ့လျှက်။
ဖြစ်ပေါ်လာသည့်အခြေအနေအရပ်ရပ်အားနားမလည်နိုင်အောင်ဖြစ်နေရသည်။မိုးဦးငယ်ခန္ဓာကိုယ်ပေါ်ဘယ်နေရာဘာရှိတယ်ဆိုတာ အမြဲအရိပ်တကြည့်ကြည့် ရှိနေတတ်သည့် ဒီကကောင်ကမသိပဲနေပါ့မလား။
ဟိုစဉ်ကတည်းက ဟန်သာ့မှာညီလေးရှိပြီး ထိုကလေးပျောက်သွားသဖြင့် ဒယ်ဒီတို့အသည်းအသန်ရှာနေတာသိသော်ငြား မာမီငိုမှာစိုး၍ ဓာတ်ပုံတွေအားလုံးသိမ်းပစ်သည့်အတွက် ဘယ်လိုမျက်နှာအနေအထားရှိသည်ဆိုတာ မသိခဲ့ရပေ။
"ဒီဓာတ်ပုံထဲကကလေးကတကယ်ကိုဦးငယ်ပဲဒယ်ဒီ"
မျက်မှန်ကိုဆွဲချွတ်လျှက် မျက်နှာကိုလက်နှစ်ဖက်နှင့်အုပ်ကိုင်ရင်း ဦးမြတ်ဟန်အန်ကိုတင်းအောင်ကြိတ်လျှက် ငိုကြွေးသည်။
"သားငယ်လေး အမလေး မာမီ့သားငယ်လေး အီးဟီး ဒီလောက်နီးနီးလေးမှာရှိပြီးမာမီမမှတ်မိဘူး။
မာမီမကောင်းတာ မာမီမကောင်းတာပါ အီးဟီး""မာမီ စိတ်ထိန်းပါဦး"
"လိုက်ပို့ပေး အခုလိုက်ပို့ပေး! မာမီ့သားလေးဆီအခုလိုက်ပို့ပေး!! မဖြစ်ဘူး အခုသွားမယ် မခုချက်ချင်းသွားမယ်"
"မေ!!!"
"......."
"သားငယ်လေးက အခုဆိုကိုယ်တို့ကိုစိတ်နာနေလောက်ပြီကွ"
ဒယ်ဒီ့အသံကအဖျားခတ်ခါ တုန်ခါနေသည်။
ထိုလှုပ်ခတ်ခတ်အသံအောက်၌မာမီသည်ချက်ချင်းပင် ငြိမ်၍သွားသည်။ဟန်သာကိုယ့်ကိုယ်ကိုအပြစ်ရှိသလိုခံစားမိသည်။
မိမိကြောင့်......"သား တောင်းပန်ပါတယ်"
"ဘာအတွက်လဲသား"
"ကိုယ့်ကျေးဇူးရှင်ရဲ့သားကိုမှချစ်မိပြီး သားကြောင့်ပဲ ဒယ်ဒီတို့ခုလိုခံစားခဲ့ရလို့။
သားသာဦးငယ်ကိုမချစ်မိခဲ့ရင် ဒယ်ဒီတို့မိသားစုအခုလိုဖြစ်မှာမဟုတ်ဘူး"
BINABASA MO ANG
My Bestfriend becomes My Husband
RomanceဒီficကPossessive Typeလေးပါနော်။ Matureလည်းonထားပါတယ်။ Male pregnant ပါရှင့်💥