Part_3

14.6K 867 15
                                    

Unicode

မြန်မာပြည်ပြန်ရောက်သည်မှာမကြာသေးသည်မို့ စုဗူးလေးကိုဘယ်မှလိုက်မပို့အားပဲ အိမ်ရယ်အလုပ်ရယ်မူကြိုရယ်သာ ကူးလိုက်သန်းလိုက်ဖြင့်။
ယခုမှသေချာသတိထားမိသည်။
ရန်ကုန်မြို့သည် ဦးငယ်တို့ရှိခဲ့စဥ် အချိန်တွေထက်ပင် ပို၍စည်ပင်ဖွံ့ဖြိုးလာသည်။

"ဟော ဟိုမှာဦးငယ်သားမျောက်ရှုံးလာပြီ"

နေရာအနှံ့ပျော်ရွှင်ခုန်ပေါက် ဆော့ကစားနေသည့်က‌လေးငယ်များနည်းတူ သူ့လေးစိုင်းနှင့်အာတာပူစီသွားဝယ်ပြီးပြန်လာသည့်သားသားကိုကြည့်၍ သူပြုံးမိသည်။
သားသားကအပြင်ထွက်ခွင့်ရသည့်အခွင့်အရေးကိုကောင်းကောင်းအသုံးချ၍ သူ့လေးလေးနှစ်ယောက်နှင့် ကစားနည်းမျိုးစုံဆော့နေသောကြောင့် နောက်ဆုံးမခံနိုင်သည့်ဦးငယ်ကပဲအရိပ်ရသည့် နေရာတွင်ထိုင်၍စောင့်နေရတော့သည်။

အဲ့ဒါကြောင့် ဟန်သာက'မျောက်ရှုံး'လို့ခေါ်ခြင်းပင်။

ဆော့ပြီးပြန်တော့လည်း အာတာပူစီသွားစားကြမယ်ဆိုပြီး စိုင်းနှင့်ထွက်သွားလိုက်တာ။ဘယ်ထိလိုက်ရှာနေသည်မသိ။
ယခုမှပြန်လာလေသည်။
ဦးငယ်အမှန်တိုင်းပြောရလျှင် ဟန်သာနှင့်ယခုလိုနှစ်ယောက်တည်းရှိနေခြင်းပေါ် နေသားမကျသေးချေ။
ဝေးကွာခဲ့သည့်ငါးနှစ်တာကာလဆိုသည်မှာ ခဏလေးမှမဟုတ်ခဲ့ပဲ။

"ပါးပါး"

အနားရောက်သည်နှင့် မိမိကိုခေါ်၍ပြေးလာသော စုဗူးလေးကြောင့် ဦးငယ်ခါးလေးကိုင်း၍ သားကိုအဆင်သင့်ပွေ့ချီလိုက်သည်။
စုဗူး‌လေးကို ငယ်ငယ်ထဲကအစားသေချာဂရုတစိုက်ကျွေးခဲ့သည်မို့ ခြေဆစ်လက်ဆစ် တုတ်တုတ်ခိုင်ခိုင်ဖြင့် ပြည့်ပြည့်ဖောင်းဖောင်း
ရှိလှသည်။

အသားကဖွေးသည်ဆိုတာထက် ဝါသည့်ဘက်ကိုသွားသည်မို့ စုဗူးလေးကအရောင်လွင်လွင်နုနုအဝတ်အစားများနှင့်ဆို ပို၍ချစ်ဖို့ကောင်းသည်။ထို့ကြောင့်ဦးငယ်က အရောင်နုနုလေးတွေသာများသောအားဖြင့်ရွေး၍ဆင်လေ့ရှိသည်။
ယခုလည်းအပြာရောင်Teeအပွလေးကိုဘောင်းဘီဂျင်းပြာရောင်ထဲထည့်၍ ဝတ်ဆင်ပေးထားသည်မို့ ဖင်လုံးလုံးကောက်ကောက်လေးပါတစ်၍ထွက်လျက်ရှိသည်။

My Bestfriend becomes My HusbandWhere stories live. Discover now