Unicode
"ကိုယ်ဒီခုံမှာထိုင်ပြီးထမင်းစားလို့ရလား"မျက်နှာချင်းဆိုင်ခုံမှာလာထိုင်ရန်တောင်းဆိုလာသောHwang Hyunjin...
နေရာလွတ်တွေအများထဲကမှဘာလို့မိမိစားနေတဲ့စားပွဲမှာထိုင်ချင်ရသည်လဲSeungmin လဲစဉ်းစားမရ။
"ရတာပေါ့ဗျ...ထိုင်လေ"
Hyunjinကျေနပ်သွားသယောင်ရှိကာခုံပေါ်တွင်နေရာယူလျက်...
နှစ်ယောက်လုံးအစားတွင်သာအာရုံစိုက်နေတော့လေထုကြီးဟာတိတ်ဆိတ်နေလို့
ဒီလိုနဲ့Seungmin စားပြီးလို့နေရာကထမည်အလုပ်
"ကိုယ်မင်းနောက်လိုက်လို့ရမလား။ဒီနေ့မှစတက်တာဆိုတော့ကျောင်းဆောင်ကြီးမှာလမ်းပျောက်နေမှာစိုးလို့"
~𝑚𝑦 𝑝𝑟𝑜𝑡𝑒𝑐𝑡𝑜𝑟~
Hyunjin Seungmin နောက်ကလိုက်ရင်းကျောင်းဝန်းအတွင်းဘက်ကျကျ၊အပင်များကပင်လွှမ်းခြုံထားသောနေရာလေးသို့ရောက်လာခဲ့သည်။ဤနေရာလေးကလူသိလဲနည်းသလိုလူအသွားလာလဲနည်းသည်။ထိုအချက်ကြောင့်Seungminခဏခဏလာရခြင်းပင်။
Seungmin သည်ယခုလိုလူရှင်းပြီးငြိမ်းငြိမ်းချမ်းချမ်းရှိသည့်နေရာကိုကြိုက်တဲ့သူတစ်ယောက်ဆိုရင်လည်းမမှား။
နှစ်ယောက်စလုံးထိုင်ခုံအရှည်တွင်ထိုက်လိုက်သည်။
"မနေ့ကမင်းကိုဟိုကောင်တွေကဘာလို့အနိုင်ကျင့်နေကြတာပဲ"
အအေးကိုမြိန်ယှက်စွာသောက်နေသောSeungmin အားHyunjinမေးလိုက်သည်။
"ဒီလိုပါပဲ...ငယ်ငယ်ကကတည်းကဒီလိုအဖြစ်မျိုးကြုံရလို့ကျွန်တော့်အတွက်တော့အထူးဆန်းမဟုတ်ပါဘူး"
ရုတ်တရက်မြည်လာသောခေါင်းလောင်းသံ....
Seungmin ကျောင်းတက်ပြီယူဆလျက်နေရာမှထကာ
"ဟောကျောင်းပြန်တက်ပြီထင်တယ်...အခန်းထဲပြန်ရအောင်လေ"
ဒီလိုနှင့်သာအတန်းထဲသို့....
~𝑚𝑦 𝑝𝑟𝑜𝑡𝑒𝑐𝑡𝑜𝑟~
ယခုလုပ်ရမည့်school project က partnerနှင့်မို့Hyunjin အနည်းငယ်စိတ်ပူသား။
