Unicode
"သားလေးတို့ဘာစားဦးကြမလဲ
သားSeungminလဲစားချင်တာရှိရင်အန်တီ့ကိုပြောနော်အားမနာနဲ့နော်"စာအတူလုပ်နေသောHyunjinနှင့်Seungminတို့၏အခန်းထဲသို့ဝင်လာသောHyunjin၏အမေ...
"ရပါတယ်အန်တီ သားဗိုက်မဆာသေရလို့ပါ"
"အေးဟုတ်ပါပြီကွယ် သားHyunjinလည်းလိုအပ်တာရှိရင်ပြောနော်"
"ဟုတ်အမေ"
Hyunjinအမေထွက်သွားတော့Seungminစာရေးရင်းတန်းလန်းနှင့်Hyunjinအားပြောမိ၏။
"မင်းအမေနွေးထွေးလိုက်တာ"
"ဘာလို့လဲSeungmin မင်းအမေကမင်းကိုစိမ်းကားလို့လား"
"ဟင့်အင်း သူမကအရမ်းနွေးထွေးခဲ့တယ်Hyunjin...ဒါပေမဲ့အခုတော့အမေကငါ့ဘဝထဲကထွက်သွားပြီ...."
Seungmin ၏မျက်လုံးတွင်ဝဲတက်လာသောမျက်ရည်စများနှင့်အတူအတိတ်နေများဆီသို့.....
"မေမေ သားရဲ့အားကစားဖိနပ်ပျက်သွားလို့ဝယ်ပေးပါလား"
"ကောင်းပြီလေသား မေမေနောက်လကုန်ကျရင်ဝယ်ပေးမယ်နော်"
"ဟီးဟီးမေမေကအကောင်းဆုံးပဲ"
လိုတရလို့ပျော်နေသည့်သားငယ်Seungmin ၏ဆံသားလေးများကိုအမေငြင်သာစွာပွတ်ပြီးချိုသာလွန်းသောအပြုံးကိုတပ်ဆင်ခဲ့သည်။
အမေသည်လူချမ်းသာတစ်ယောက်လည်းမဟုတ်သလို၊အလုပ်ကိုင်သည်လည်းကောင်းလှသည်မဟုတ်။ဒါပေမဲ့Seungmin ကိုတော့တအားအလိုလိုက်သည်။
Single momဖြစ်တာမလို့သားငယ်အားသူများကလေးတွေလိုပြည့်ပြည့်စုံစုံထားဖို့မလွယ်ကူလှပေမဲ့
တခြားကလေးတွေနီးပါးထားပေးခဲ့ငည်။
ဒါဆိုအဖေကကော...
အဖေဆိုသောလူကိုSeungmin မသိ။
အမေကတော့အမြဲတမ်းပြောဖူးတယ်။
အဖေကနိုင်ငံခြားမှာအလုပ်သွားလုပ်တယ်တဲ့။
ဒါပေမဲ့အရွယ်ရောက်လာသည်နှင့်အမျှထိုစကားများသည်အလိမ်ညာသာဖြစ်မှန်းနားလည်လာခဲ့သည်။တစ်ခါတလေတော့အဖေ၏ပုံစံကိုစိတ်ကူးယဉ်ပုံဖော်ဖူးပေမဲ့အဲ့လောက်ထိအဖေကိုစွဲမမက်နေ။
မိမိအားချစ်လွန်းသောအမေရှိနေတာပဲမဟုတ်လား။
