2

199 26 6
                                    

Unicode

ညနက်ကြီးအခန်းကျဉ်းလေးထဲတွင်ပိတ်မိနေသော၁၀နှစ်သာသာရှိသေးမည့်ကောင်လေးငယ်တစ်ယောက်

အပြင်မှာလဲမိုးတွေဟာသည်းထန်စွာရွာနေလို့...

ယခုပိတ်မိနေသောနေရာမှာသရဲခြောက်သည်ဟုနာမည်ကြီးသောအိမ်အဟောင်ကြီးဖြစ်တာမို့ကြောက်စိတ်ကဖုံးလွှမ်းကာမျက်နှာပြင်ပေါ်တွင်မျက်ရည်စက်များဟာနေထားယူထားလို့...

ပါးစပ်တွင်လဲ"မေမေ....ဖေဖေ"ဟုသာရေရွတ်နေရှာသည်။

ထိုအချိန်တွင်ပိတ်ထားသောတံခါးကိုဖျက်ကာအခန်းတွင်ဝင်လာသောသူနှင့်ရွယ်တူကောင်လေးတစ်ယောက်...

မိမိထံသို့လာကာသူ၏လက်တစ်စုံကိုကမ်းပေးလာသည်။

ထိုမြင်ကွင်းလေးဟာတဖြည်းဖြည်းပျောက်ကွယ်လာရင်း...

နိုးထလာခဲ့သည်။

ထပ်မက်ပြန်ပြီ။
ထိုအိမ်မက်မျိုးမက်တာတစ်ကြိမ်မကပေ။
ထိုကောင်လေးနှင့်တွေ့တိုင်းပင်အိမ်မက်မှနိုးလာခဲ့သည်။

"သားလေးရေနိုးပြီလား"

အခန်းထဲသို့ဝင်လာသောအမေ...

"မနက်စာready ဖြစ်ပြီမလို့မြန်မြန်အိပ်ယာကထပြီးလာခဲ့နော်ကျောင်းမနောက်ကျစေနဲ့"

ဟုတ်သားပဲဒီနေ့ကျောင်းအသစ်ကိုစတက်ရမည့်နေ့...

~𝑀𝑦 𝑝𝑟𝑜𝑡𝑒𝑐𝑡𝑜𝑟~

ရေမိုးချိုးကျောင်းဝတ်စုံအသစ်လေးကိုဝတ်ဆင်ကာမနက်စာစားရန်ထမင်းစား စားပွဲဝိုင်းတွင်ဝင်ထိုင်လိုက်သည်။

"ဒီကျောင်းမှာတော့လိမ်လိမ်မာမာလေး​နေနော်သား"

မနက်စာစားရင်းရုတ်တရက်ထပြောလာသောအမေ...

အဖေကတော့မိမိအားစိတ်ကုန်နေပြီမလို့ဘာမှမပြောပဲနေရှာသည်။

အင်းလေစိတ်ကုန်စရာပင်မဟုတ်လား။
ရန်ဖြစ်လို့ကျောင်းပြောင်းတာအကြိမ်ကြိမ်။
စာလဲညံ့သေးသည်။
အိမ်နဲ့လူမကပ်။အိပ်ချိန်ကလွဲလို့အမြဲတမ်းဆိုင်ကယ်နှင့်အပြင်မှာအလေလိုက်နေသောသားအားမည်သည့်မိဘကမကြိုက်ပဲနေမည်လဲ...

MY PROTECTOR||SeungjinDove le storie prendono vita. Scoprilo ora