Chapter (2)

425 61 17
                                    

Unicode

ဝီလျံနှင့်အက်ဂါသည် ဆယ်နှစ်အရွယ်၌ ပထမဆုံးအကြိမ် စတင်တွေ့ဆုံခဲ့ကြသည်။ ထိုစဉ်က သူတို့သည် လေးတန်းအရွယ် ကျောင်းသားလေးများဖြစ်ကြပြီး ဝီလျံသည် ကျောင်းပြောင်းလာသော ကျောင်းသားအသစ်ဖြစ်သည်။

"ငါတို့ဆော့နေတာ....ပါမလား"

ရေသူမ ရေလား၊ကုန်းလား ကစားရာ၌ လူလိုနေသဖြင့် အက်ဂါတို့သူငယ်ချင်းတစ်စုမှ သူ့ကိုအရင်စခေါ်ခဲ့သည်။

"မပါဘူး၊ နင်က ရုပ်ဆိုးလို့"

သူ့ကိုလာခေါ်သည့်ကောင်မလေးကို ထိုသို့ပြန်ပြောရုံသာမက သူ့အကျင့်အတိုင်း လူမိုက်အကြည့်ဖြင့်ကြည့်ကာ ထွက်သွားတော့၏။ အက်ဂါသည် ကြောက်တတ်သည်ဖြစ်ရာ ဝီလျံ့ကို ထိုအချိန်မှစ၍ ဝေးဝေးရှောင်နေခဲ့သည်။

"ဒီနေ့ တံမြက်စည်းလှည်းရတာမလား၊ ငါ့အောက်မှာ အမှိုက်တွေရှိတယ်....မြင်လား....ဘာလို့မလှည်းတာလဲ"

သေးပေါက်ချင်သည်ဟုဆိုကာ တံမြက်စည်းကို ထိုကောင်မလေးက အက်ဂါ့လက်ထဲအပ်ခဲ့သည်။ အသင်းနေ့မဟုတ်သော်လည်း လက်ထဲတံမြက်စည်းရှိနေသောကြောင့် ကလေးတို့ထုံးစံအတိုင်း မသိမသာဆော့နေမိသည်။ ထိုအချိန် ဝီလျံက တိုက်တိုက်ဆိုင်ဆိုင်ရောက်လာကာ သူ့ခုံအောက်၌ ဘယ်အချိန်ရောက်လာမှန်းမသိသည့် အမှိုက်များကို သိမ်းခိုင်းတော့၏။

"ငါ့အသင်းမဟုတ်ဘူး...."

"ဒါဆို ဘာလို့ တံမြက်စည်း လက်ထဲကိုင်ထားသေးလဲ"

"သူငယ်ချင်းက ရှူးရှူးသွားပေါက်လို့...."

ဝီလျံသည် ဘာမှပြန်မပြော....အက်ဂါ့ကို ဝါးစားတော့မည့်အတိုင်း စိုက်ကြည့်နေသည်ဖြစ်ရာ အက်ဂါကြောက်လာသဖြင့် သူ့ခုံအောက်မှ အမှိုက်များကို တံမြက်စည်းလှည်းပေးလိုက်ရသည်။

"ဆရာမနဲ့တိုင်ပြောမယ် သူ့ကို...."

ဤသည်မှာ ခပ်တိုးတိုးသာပြောလိုက်သည့် အက်ဂါ့စကားသံဖြစ်၏။

"ဘာပြောတယ်....!"

ဘေးမှ လာအော်လိုက်သော ဝီလျံကြောင့် အက်ဂါလန့်သွားကာ ခါးပြန်ဆန့်မိသဖြင့် ခုံစောင်းနဲ့ခေါင်းတည့်တည့်ဆောင့်မိတော့သည်။

The Initiated: System DWhere stories live. Discover now