မျက်လုံးဖွင့်ကြည့်ချိန် ချစ်ရသူအနားမှာရှိနေသည်ဆိုသည့် ခံစားချက်က ဝီလျံအတွက်အဆင်ပြေစေသည်။ မနေ့ညက အက်ဂါ့အား မိမိကို ဒုက္ခပေးချင်သည့်လူတစ်စုက ဆွဲသွားခဲ့သည်။ ကြောက်တတ်သည့် ချစ်ရသူကို စိတ်ငြိမ်ဆေးတိုက်ကာ အိပ်ပျော်အောင် အိပ်ခိုင်းခဲ့ရသည်။
ဝီလျံသည် အက်ဂါ့ဆံပင်လေးများအား သပ်တင်ပေးနေရင်း အိပ်မောကျနေပုံကို စိုက်ကြည့်နေမိသည်။ သူ ဒီကောင်လေးကိုချစ်သည်။ သူ့ဘဝ၏ တစ်စိတ်တစ်ပိုင်း၌လည်း ဒီကောင်လေးကို သူဆွဲခေါ်ထားချင်သည်။ မိမိနှင့်အတူ ဖြတ်သန်းစေချင်သည်။
အက်ဂါ့မျက်ခွံလေးများသည် အနည်းငယ်လှုပ်ရွလာရင်း မကြာလိုက် မျက်လုံးများဖွင့်ကြည့်လာသည်။ ဝီလျံသည် ရယ်ပြရင်း အက်ဂါ့နဖူးလေးအား နမ်းလိုက်ကာ....
"အိပ်ရေးဝရဲ့လား"
အက်ဂါခေါင်းညိမ့်ပြသည်။ ထို့နောက် ငူငေါင်ငေါင်ပုံလေးဖြင့်ထလာရင်း....
"မင်း မျက်နှာအဆင်ပြေရဲ့လား"
ထိုးကြိတ်ရန်ဖြစ်ထားရသည်ကို အက်ဂါမှတ်မိသည်။ ကျန်တာတော့ မသိ။ ဝီလျံက အက်ဂါ့ကိုခေါ်ကာ ထိုရန်ပွဲထဲမှ ထွက်လာသောကြောင့်ဖြစ်သည်။
"အေးဆေးပါ..."
"သူတို့ကဘာလို့ အဲ့လိုလုပ်တာလဲ၊ မင်းနဲ့ အငြိုးရှိထားပုံပဲ"
"ပြဿနာအသေးလေးကို ဆွဲချဲ့ပြီး ဒုက္ခပေးတာပါကွာ၊ အဲ့ထဲမှာ မင်းပါသွားတာ ကိုယ်စိတ်မကောင်းဘူး"
"ဘာမှမဖြစ်ပါဘူး၊ ငါ့မှာ ဟီးရိုးကြီးရှိနေတာပဲ"
အက်ဂါသည် ဝီလျံ့ကို လာဖက်ထားလျက် ရင်ခွင်ထဲ၌ ငြိမ်နေမိသည်။ ဝီလျံကတော့ အက်ဂါ့အားပြန်ဖက်ထားရင်းတွေးနေသည်က အခုချိန်လောက်ဆို ဒင်းတို့တစ်ဖွဲ့လုံး သဂြိုလ်စက်ထဲရောက်နေပြီဟူ၍။
ထိုသို့တွေးနေစဉ် အက်ဂါက ဝီလျံ့ကို ဖြတ်ခနဲနမ်းလာသည်။ ဝီလျံလည်း ရုတ်တရက်ဖြစ်သွားသဖြင့် ခဏကြောင်သွားသေးကာ....
"လူလည်ကျတယ်ပေါ့ ကိုယ့်ကို...ကိုယ်ကအစမခံဘူးနော်"
ဝီလျံသည် အက်ဂါ့အင်္ကျီအတွင်းထဲသို့ ခေါင်းအတင်းထိုးဝင်လျက် ရင်ဘတ်တစ်လျောက်ယားအောင် ကလိတော့မှ အက်ဂါသည် ခွက်ထိုးခွက်လန်အော်ရယ်ရင်း....
ESTÁS LEYENDO
The Initiated: System D
Acciónဤထဲတွင်ပါဝင်သော အချို့ အကြောင်းရာများသည် စိတ်ကူးယဥ်ဖန်တီးထားခြင်းဖြစ်ပါသည်။ မည်သည့်အဖွဲ့အစည်း၊ တစ်စုံတစ်ဉီးကိုမျှ ထိခိုက်စေလိုခြင်းမရှိပါ။ Action-Romance boy x boy warning-mature content Cover photo_crd to Canvas