» So Far Away « Ep1

1.1K 83 11
                                    

»Unicode «

ခိုပြာရောင်အမျိုးသားငယ်လေး

Busကားမှန်ကိုခေါင်းမှီကာearphoneမှသီချင်းသံကိုနားထောင်ရင်းအပြင်ကိုလှမ်းကြည့်နေတဲ့သူ့ကို
Busထဲရှိကောင်မလေးတွေကကွက်ကြည့်ကွက်ကြည့်
ဒါကသူ့အတွက်တော့အဆန်းမဟုတ်
တော်တော်လေးကြည့်ကောင်းသည့်ရုပ်ရည်နှင့်သူကဆေးကျောင်းသား‌တစ်ယောက်ဖြစ်သလိုဝါသနာအရCover songများဆိုရာမှချိုသာသံသည့်သူ့အသံကြောင့်အတန်အသင့်အောင်မြင်နေသည့်အဆိုတော်တစ်ယောက်
ခုတော့ကိုယ်ပိုင်သီချင်းများပင်စတင်လုပ်နေပြီး
Fanတွေဘာတွေလည်းရှိသည်ပေါ့လေ

သူ~ သူ့နာမည် Jeon Jungkook
အများစုကတော့JKဟုပင်သိကြသည်
မိဘများကအတန်အသင့်ချမ်းသာပြီးအေးဆေးသူများပင် ဆိုတော့သူလည်းအေးဆေးသူပဲပေါ့
သူကလူတွေရဲ့အာရုံစိုက်ခံရတာကိုသိပ်မကြိုက်
သို့ပေမယ့်ခုတော့နေသားကျနေချေပြီ
ခုလည်းကြည့်သူငယ်ချင်းအိမ်သွားတဲ့လမ်းမှာပင်
ကောင်မလေးများ၏အာရုံစိုက်မှုကသူ့ဆီမှာ

ကားမှန်မှတစ်ဆင့်လမ်းပေါ်ရှိဟိုဒီသွားလာနေသူများအားငေးနေမိတုန်းလမ်းဘေး platformပေါ်ကသူနဲ့ရင်းနှီးနေသယောင်ခိုပြာရောင်ကျောပြင်ငယ်လေးကြောင့်ဘေးရှိအသိပေးbellကိုရုတ်တရက်နှိပ်မိလိုက်သည်
Busကလည်းဆင်းမည်အထင်နှင့်ရပ်ပေး၏
သူကတော့ကြောင်အနေမိတုန်းအဲ့ဒီကျောပြင်ငယ်လေးကြောင့်သူBusပေါ်ကဆင်းမယ့်bellကိုနှိပ်မိလိုက်တာတဲ့လား
သူကိုယ်တိုင်တောင်မသိလိုက်ပဲလေ
ဟားး
အဲ့ဒီကျောပြင်ငယ်လေးကတကယ်ပဲဘာလေးလဲ

» So Far Away «

သူBusပေါ်မှဆင်းလာခဲ့မိသည်
ခုနကတော်တော်ကြောင်တောင်တောင်နိုင်သည့်အခြေအနေကြီးကိုမယုံနိုင်သေး
ကျောပြင်ငယ်လေးကသူ့ကိုများပြုစားလိုက်လေသလား
တွေးရင်းနဲ့လျှောက်လာလိုက်တာသူရောက်လာသည်ကညဈေးတန်း
Seoulရဲ့ညဈေးတန်းကလူအရမ်းရှုပ်သည်လည်းမဟုတ်ပေမယ့်လူရှင်းနေတာလည်းမဟုတ်ပြန်
ရောက်မှတော့ဝင်ကြည့်သွားလိုက်တာပေါ့လေ

ဆိုင်တွေတစ်ဆိုင်ပြီးတစ်ဆိုင်ကျော်ဖြတ်လာသည်အထိသူဘာဝယ်ရမှန်းမသိသလိုဘာစားရမှန်းလဲမသိ
ပြန်လှည့်ထွက်မယ်အပြင်မှာသူ့ရင်ဘတ်ကိုလာတိုက်တဲ့တစ်စုံတစ်ခု
မဟုတ်ဘူး တစ်စုံတစ်ယောက်ရဲ့ပန်း‌ရောင်ခေါင်းလုံးလုံးလေးဆိုပိုမှန်ပေမည်

So Far AwayWhere stories live. Discover now