» So Far Away « Ep5

433 66 9
                                    

» Unicode «

အဖြူရောင်အတ္တ

Jungkook တော်တော်စိတ်ပျက်နေပြီဖြစ်သည်
တစ်မနက်လုံးကြည်လင်နေသည့်စိတ်က
Lee Yura ရဲ့ကမောက်ကမ Pianoသံစဉ်အောက်တွင်
ကြက်ပျေက်ငှက်ပျောက်
ပြောလိုက်ရင်လေကြီးမိုးကြီး
သူ့အကိုငယ်တီးနေကျ I Need Youသီချင်းကိုမှတီးချင်ပါသည်ဆိုသည့်သူမက အခြေခံတောင်ဖြောင့်အောင်မတီးတတ် ဒါနဲ့များ I Need Youကိုတီးတတ်ပါအုံးမယ် အားကြီးကြီး

စိတ်ထဲကတော်တော်ချဉ်နေပြီဖြစ်ပေမယ့်
အတတ်နိုင်ဆုံးပြုံးထားမိပါသည်
သူ့အကိုမျက်နှာကရှိသေးသည်မဟုတ်လား
Jungkook ရေ သည်းခံဟ
နတ်သားငယ်က‌တော့အရိပ်ကလေးပင်ဖမ်းမမိနိုင်

"ဒီမောင်နှမတွေ ခဏနားပြီးမှဆက်သင်ကြပါလား"

မောင်နှမဟုသုံးနှုန်းလိုက်သည့် Lee Yuraအမေကြောင့် Lee Yuraမျက်နှာပျက်သွားတာကိုသူသတိထားမိပါသည်
သိုသော်လည်းမှန်နေတာပဲမဟုတ်လား
သူက Lee Yuraအကိုကိုချစ်နေတာဆိုတော့ Lee Yura ဆိုတာသူ့ညီမအလောင်းလေး
အဲလေမှားလို့ ညီမလောင်းလေး

"Yura သမီးအကိုငယ်ကိုသွားခေါ်ပါအုံးကွယ်
မုန့်လေးဘာလေးစားရအောင်"

ဒီစကားဟာသူဒီနေ့တစ်နေ့လုံးကြားရသမျှထဲမှာနားဝင်အချိုဆုံးစကားပင်
ဆူပုတ်ပုတ်မျက်နှာထားနှင့်အိမ်ပေါ်သို့ခပ်သွက်သွက်တက်သွားသော Lee Yura ကိုကြည့်နေသော Lee Yura အမေ Min Hana
Min အိမ်တော်၏မွေးစားသမီး Hyung၏အဒေါ်မဟုတ်သောအဒေါ်တစ်ယောက်
သူမကတော့ Hyung အပေါ်ကောင်းသယောင်ပင်

Lee Yura တစ်ယောက်အိမ်ပေါ်သို့တက်လာပေမယ့်အကိုငယ်ကိုတော့မခေါ်ချင်ပါ
သူမသိပါသည် Kook ဒီအိမ်ကိုလာပြီး Piano သင်ပေးနေတယ်ဆိုတာ အကိုငယ်ကြောင့်
Kook သူမကိုကြည့်တဲ့မျက်ဝန်းတွေက ပကတိတည်ငြိမ်နေပေမယ့် အကိုငယ့်ကိုကြည့်တဲ့မျက်ဝနးတွေမှာတော့ မြတ်နိုးမှုတွေ ချစ်ခြင်းတရားတွေအပြည့်
ဒီတစ်ခါတော့အကိုငယ့်ကိုသူမ မရှုံးချင်ပါ
အရှုံးဆိုတာတစ်ခါဆိုရင်လုံလောက်ပြီမလား

» So Far Away «

အကို့ငယ်အခန်းတံခါးကိုအသာခေါက်တော့အထဲမှဝင်ခဲ့ပါဆိုသည့်အသံကတိုးဖျဖျ
အခန်းတစ်ခုလုံးကိုခိုပြာရောင်များဖြင့်အလှဆင်ထားသည်ကအများအမြင်တွင်တော့အေးချမ်းလှပသယောင်
သူမကတော့ထိုအပြင်အဆင်တွေထိုအရောင်တွေကိုမနှစ်သက်
ငြီးငွေ့ဖွယ်ကောင်းသည်ဟုသာမှတ်ယူသည်

So Far AwayWhere stories live. Discover now