» So Far Away « Ep8

457 67 8
                                    

» Unicode «

ကျွန်တော့်ရဲ့ Euphoria လေး

မျက်ဝန်းအိမ်မှစိုစွတ်မှုနှင့်အတူပါးပြင်ကိုဖွဖွထိတွေ့လာတဲ့လက်သွယ်သွယ်ကြောင့် Yoongi လက်ရှိကာလကိုပြန်လည်သတိထားမိသည်
Piano သံစဉ်တို့ဘယ်အချိန်ကရပ်သွားလဲသူမသိပါသူ Piano တီးနေသည်ကိုမေ့သွားခဲ့သည်အထိအတိတ်တို့မှာနစ်မြောနေခဲ့သည်ပဲ
မျက်ဝန်းဆီမှစိုစွတ်မှုတို့ပျက်ပြယ်သွားပေမယ့်
ပါးပြင်ထက်ကလက်တစ်စုံ၏နွေးထွေးမှုတွေကပျက်ပြယ်မှုမရှိသေး

ဟုတ်သား သူ့ဘေးနားမှာ Jeon Jungkook ဆိုသောကောင်ငယ်လေးရှိနေခဲ့သည်ပဲ
သူ့ပါးပြင်ထက်ကထိုကောင်လေး၏လက်ကိုသူ့လက်တစ်ဖက်နဲ့ဆွဲဖယ်ပစ်ပြီးထိုကောင်လေးဖက်ကိုလှည့်ကြည့်တော့လိုတာထက်ပိုနီးကပ်သွားတဲ့မျက်နှာနှစ်ခု
ခဏတာအကြည့်ချင်းစုံမိတဲ့မျက်ဝန်းတစ်စုံ
ပုံမှန်ဆိုလူနှစ်ယောက်ကျယ်ကျယ်လွင့်လွင့်ထိုင်လို့ရသည့်ထိုင်ခုံကဒီနေ့မှကျဉ်းကျပ်နေသယောင်
အယောင်ယောင်အမှားမှားနှင့်နောက်ဆုတ်မိလိုက်တော့ပြုတ်ကျမယောင်ဖြစ်သွားတဲ့သူ့ခန္ဓာကိုယ်

သို့ပေသည့်အမြန်လှမ်းထိန်းလိုက်သောလက်တစ်စုံကြောင့်ပြုတ်တော့မကျလိုက်
မျက်ဝန်းချင်းလည်းဒုတိယအကြိမ်ဆုံမိပြန်သည်
ဒီတစ်ခါတော့သူမလွှဲဖယ်မိ
အေးချမ်းမှုတို့လွှမ်းခြုနေတဲ့မျက်ဝန်းအစုံဟာမောင့်ရဲ့နွေးထွေးလွန်းတဲ့မျက်ဝန်းတို့နှင့်မတူ
မောင်ကနေရောင်ခြည်လေးလိုနွေးထွေးသည်ဆိုလျှင်ထိုကောင်လေးကတော့ပြာလဲ့လဲ့ကောင်းကင်လိုမျိုးကြည်လင်အေးချမ်းနေသည်

“အဟမ်း~”

အန်တီ Hana ၏ချောင်းသံ‌သဲ့သဲ့ကြောင့်သူကိုယ်လေးကိုထိန်းထားတဲ့ကောင်လေးလက်တွေလျော့သွားရသလိုသူလည်းထရပ်မိလိုက်သည်

“ကျွန်တော်အပေါ်ပြန်တက်တော့မယ်”

အန်တီ Hana ကိုအသိပေးစကားဆိုမိတော့အန်တီကခေါင်းငြိမ့်ပြသည်မို့သူ့ခြေလှမ်းတွေကိုခပ်သွက်သွက်သာအပေါ်ထပ်ဆီဦးတည်မိသည်
ထိုကောင်လေးနှင့်မောင့်ကိုနှိုင်းယှဉ်မိနေတဲ့ခံစားချက်ကြီးကိုသူမကြိုက်ဘူး

So Far AwayWhere stories live. Discover now