» So Far Away « Ep6

427 61 15
                                    

» Unicode «

မောင်

လက်တို့ကPianoခလုတ်တွေကိုထိတွေ့နေပေမယ့် Yoongi စိတ်အစုံကတော့အတိတ်ဆီကိုပျံ့လွင့်နေမိသည် အတိတ်ကနေ့ရက်တွေမှာ မောင်နှင့်သူ
ပျော်ရွှင်ခဲ့ကြသည် ချစ်ခဲ့ကြသည့်သုံးနှစ်အတွင်းမှာအချစ်သည်နေ့ အချစ်သည်ည
အဲ့ဒီအချိန်က~

Yoongi ကအနုပညာတက္ကသိုလ်ကတတိယနှစ်ကျောင်းသား အမြဲတမ်းနီးပါးတစ်ယောက်တည်းနေတတ်သူ အမြဲတမ်းတစ်ယောက်ထဲဆို၍သူငယ်ချင်းမရှိတာတော့မဟုတ်ပါ
ရှားရှားပါးပါးသူငယ်ချင်းလေး Kim Seokjin ရှိပါသော်လည်းသူ့မှာက Kim Namjoon ဆိုသည့်ဂျူနီယာလေးနှင့်မို့ Rsတွေကြားဝင်မပါချင်သူလေး Yoongi ကပဲအလိုက်တသင့်ရှောင်ပေးနေတာ
သူတို့သွားလေရာအမြဲပါနေရင်မကောင်းဘူးမလား

အမြဲပုံမှန်လည်ပတ်နေတဲ့နေ့ရက်တွေက Yoongi ဆီ နေကြာပန်းတစ်ပွင့်ရောက်လာသည့်နေ့မှစ၍ပြောင်းလဲလာခဲ့သည်
အစတစ်ရက်နှစ်ရက်ကတော့ တစ်ယောက်ယောက်ကသူ့ကိုစနောက်နေတာလို့ပဲထင်ခဲ့တာ
တစ်ပတ်လုံးသူ့နေရာမှာပဲပုံမှန်ရှိနေတတ်တဲ့နေကြာပန်းတွေကြောင့်စနောက်နေတာမဟုတ်မှန်းလက်ခံလိုက်ရသည်

"အဲဒီတော့မင်းကိုဘယ်သူကပန်းတွေပို့နေမှန်းမသိဘူးပေါ့"

ရုတ်တရက်ဟိန်းထွက်လာတဲ့ Seokjin အသံကြောင့်
Canteenထဲရှိလူတွေကကွက်ကြည့်ကွက်ကြည့်
Namjoon ကပါးစပ်ကိုလက်နဲ့အသာပိတ်ပြီးတိုးတိုးနေဖို့ပြာတော့မှငြိမ်ကြသွားသည်
အကြောင်းကသူ့ဆီပန်းတွေနေ့တိုင်းရောက်နေကြောင်းပြောပြရာမှစသည်

"Yoongi Hyung ဘာဆက်လုပ်ချင်လဲ"

Namjoon ၏အမေးကိုခေါင်းခါလျက်သာဖြေမိသည်
သူမသိပါ ဒီလိုအခြေအနေမျိုးနှင့်ရင်းနှီးကျွမ်းဝင်မှုမျိုးလည်းမရှိ
တစ်စုံတစ်ယောက်ကသူ့ကိုခိုးကြိုက်နေတာမျိုးလား
သူစိတ်ပင်မကူးဖူးပါ အဲ့လောက်ထိလည်းသူကလူတွေရဲ့စိတ်ဝင်စားမှုခံရသူမျိုးမှမဟုတ်တာ

"ငါကတော့ဘယ်သူလဲသိချင်တယ်"

Seokjin ရဲ့စကားသံအဆုံးမှာ Namjoon ကသဝန်တိုတဲ့အကြည့်တစ်ချက်ဖြင့်ကြည့်သည်

So Far AwayWhere stories live. Discover now