🖤 ငါဆေးမသောက်ချင်ဘူး 🖤

1.7K 105 1
                                    

|| Unicode ||
Chapter - 1

" ဘယ်လိုလုပ်ရမလဲ ဖေဖေနဲ့ဒေါ်လေး သိရင်အရိုက်ခံရတော့မယ်။ "

တစ်ခါမှမဆော့ဖူးတဲ့ ကစားကွင်းသေးလေးထဲကနေ ကလေးတစ်ယောက်က အလောတစ်ကြီး ပြေးထွက်လာခဲ့သည်။ ဒါမဲ့အပေါက်ဝမှာမြင်လိုက်ရတာက ကားအနက်ရောင်နှစ်စီးနဲ့ ဒုတိယကားပေါ်က ကြည့်နေတဲ့ အဖေဖြစ်သူနဲ့မိထွေးတို့ရဲ့ မျက်လုံးစိမ်းစိမ်းတွေပါပဲ့။

" အား...ဒေါ်ဒေါ် မရိုက်ပါနဲ့ သား....သား....နောက်တစ်ခါမကစားတော့ပါဘူး "

မိထွေး: " တော်စမ်း နင်ကကလေးလာ ဟမ် ကလေးဆိုတော့ရော ဘာဖြစ်လဲ ဘယ်သူက နင့်ကိုဒီလိုကစားကွင်းတွေ သွားခွင့်ပေးလို့လဲ အကို နင်ကြည့်ပါအုံး အဲ့ပြောရဆိုရကပ်တဲ့ ေခွးကောင်လေးကို ကြည့်ပါအုံးလား "

အဖေ " ဟေ့ကောင် ကျန်းကျန့်ယွင်... မင်းကိုငါမသင်ပေးထားဘူးလား ဟမ် လာစမ်း "

" ဖေဖေ....ဖေဖေ မရိုက်ပါနဲ့ သားက တစ်ခါလောက်ကစားဖူးချင်ရုံ အား...အ့အ့... အီးဟီး "

၆ နှစ်အရွယ်ကလေးလေးက မိထွေးလက်ထဲက တုတ်ချောင်းနဲ့ ဖခင်ဖြစ်သူရဲ့ ရိုက်နက်မှုကြောင့် တစ်ကိုယ်လုံးခိုက်ခိုက်တုန်နေရှာသည်။ အရိုက်ခံရပြီးနောက် မှောင်မဲနေတဲ့ အခန်းထဲပိတ်ထားခံရပြန်တယ်။ သူကြားနေရတာက

ဒေါက်.....ဒေါက် .... ဒေါက်....

သေချာတယ်။ မိထွေးဒေါ်ဒေါ်ရဲ့ ဖိနပ်သံတွေပဲ့။

အိပ်ခန်းအပြင်ဘက်ကနေ လျှောက်လာနေတဲ့ ခြေသံတွေကများလာတယ်။ သူနောက်တစ်ကြိမ် ထပ်ပြီးနာကျင်ရတော့မယ်ဆိုတာ သိနေတာမို့ ထောင့်လေးတစ်ထောင့်မှာ ပြေးကပ်နေတော့သည်။

အိပ်ခန်းတံခါးဖွင့်သံကြားပြီးနောက် ခြေသံတွေက သူ့ဆီကိုဦးတည်လာခဲ့သည်။ မိထွေးဖြစ်သူက ခုဏကဆူပူနေတဲ့အသံလို မဟုတ်တော့ပဲ အရမ်းချိုသာပြီး ကလေးတစ်ယောက်ကိုချော့သိပ်နေသလိုပင်။

" လာပါ ရှောင်ကျန့်ယွင်လေး... ဒေါ်ဒေါ် တို့ဆေးထိုးချိန်ရောက်ပြီ ဆေးသောက်ပြီးရင် သားဖို့ သကြားလုံးရောယူလာခဲ့တယ်။ "

I never said " Alpha "Where stories live. Discover now