🖤🔥 အမှတ်အသားပေးခြင်း 🔥🖤

1.4K 110 3
                                    

|| Unicode ||
Chapter - 3

" အ့...မင်း...လွှတ်... "

ကုန်းရိ​ဖေးက ကျန့်ယွင်လေးကို အနက်ရောင်ကားတစ်စီးထဲသို့ ချီထည့်လိုက်တယ်။ လူတစ်ယောက်ကို မချီရတာ ဝါဂွမ်းထုတ်လေးကို ချီထားသလို ပွေ့ပွေ့ပါးပါးလေးသာ။

ကျန့်ယွင် ကခုခံနိုင်စွမ်းမရှိဘူး။ ဒါကြောင့်သူ့မိဘတွေက ဘော်ဒီဂတ်အပြည့်နဲ့ထားထားတာ။ ခဏလောက်လစ်ထွက်လိုက်တာနဲ့ ဒီလိုအခြေအနေကြီး ဖြစ်လာရတာပဲ့။

" ကုန်းရိဖေး...ငါတောင်း..ဆိုတာပါ။ တစ်ယောက်ထဲ ခဏ ခဏလောက်လွှတ် ထားပေး လို့ ရမလား "

ဘန်း...

ကားတံခါးကိုအကျယ်ကြီး ဆောင့်ပိတ်လိုက်ပြီး ကျန့်ယွင် ရဲ့နဘေးကဖြစ်တဲ့ ကားမောင်းသူနေရာက တံခါးကထပ်ပွင့်လာပြီးနောက် ရိဖေးက ဝင်ထိုင်လိုက်သည်။ သူကကျန့်ယွင်ဘက်ကို လှည့်လိုက်တော့ မျက်လုံးတွေက လုံးဝအနီရောင်ပြောင်းနေတာကို တွေ့လိုက်ရတယ်။

ကျန့်ယွင် တစ်ကိုယ်လုံးကြောက်လန့်မှုကြောင့် တုန်ရီလာရသည်။ တစ်ဖက်ကအားကောင်းတဲ့ ဝိုင်နံပြင်းပြင်းတွေကို ရလိုက်သည်။ ဖိအားတွေပါဝင်တဲ့ စစ်မှန်တဲ့ Alphaဟော်မုန်းတွေ.... ကျန့်ယွင် တစ်ခါမှဒီလိုမခံစားခဲ့ရဖူးဘူး။ တစ်ကိုယ်လုံးယားယံလာပြီး လည်ကုတ်တစ်နေရာက ပူကျစ်လာသလိုလိုနဲ့ နာကျင်လာရသည်။

ပူပြီးနာကျင်တာကြောင့် ထိုနေရာကုတ်ဖဲ့မိတော့တယ်။ နက်စ်တိုင်တွေကို ဆွဲဖြုတ်ပြီး ထိုလည်ကုတ်ကို လက်သည်းတွေနဲ့ အပြင်းအထန်ကုတ်ဆွဲတော့သည်။

ကားမောင်းနေတဲ့ ရိဖေးဟာလည်း ထိုပုံရိပ်ကိုကြည့်မနေနိုင်တော့ဘူး။ သူ့ရဲ့မျက်လုံးတွေက သွေးတွေရွှဲကျတော့မလို နီရဲလာရတယ်။ ကားကိုလမ်းဘေးတစ်နေရာထိုးရပ်လိုက်ပြီး ကျန့်ယွင် ဘက်ကိုလှည့်လိုက်သည်။

" မင်းက ကလေးလား Omega heat ဝင်ရင်မင်းရဲ့ ဂလင်းတွေကို မထိခိုက်အောင်ထားရမယ်ဆိုတာ မသင်ဖူးဘူးလား။ "

ပြောရင်းနဲ့ အသဲအသန် အသက်လုရူနေပြီး ကုတ်ဖဲ့နေတဲ့ ကျန့်ယွင်ရဲ့လက်တွေကို အတင်းဆွဲယူလိုက်သည်။ အားတောင်ထည့်စရာမလိုဘူး။ ကျန့်ယွင်ကို အသာလေးထိန်းလိုက်နိုင်တယ်။ ဒိအချက်က ရိဖေးကို အံ့ဩသွားစေတယ်။

I never said " Alpha "Where stories live. Discover now