|| Unicode||
Chapter - 7" ရိဖေး...ငါ...ငါလေ "
" ရှူး.....အိပ်တော့...."
ဒုတိယတစ်ခေါက် အတူနေပြီးသွားတော့ နေ့လည်တောင်တော်တော် ကျော်သွားပြီဖြစ်သည်။ Heat ဝင်ကာလက Omega တွေအတွက် အပင်ပန်းဆုံး အနွမ်းနယ်ဆုံးအချိန်တွေ ဖြစ်တယ်။
ကျန့်ယွင်လေး ပြန်အိပ်ပျော်သွားတာနဲ့ ရိဖေးအိပ်ယာပေါ်က ထလိုက်ပြီး သန့်ရှင်းရေးလုပ်လိုက်သည်။ ပြီးတာနဲ့အိမ်အလုပ်သမားတွေကို အမိန့်တစ်ချို့ပေးပြီးတာနဲ့ ကုန်းမိသားစုရဲ့ ပင်မအိမ်တော်ကြီးကို ထွက်ခဲ့သည်။
ကုန်းမိသားစုမှာ ရိဖေးလိုမျိုးသီးသန့်နေတဲ့ မိသားစုဝင်တွေ အများကြီးရှိတယ်။ ကုန်းအိမ်တော်ရဲ့ လူကြီးတွေကအရယ်အပြုံး နည်းတဲ့လူတွေဖြစ်ပြီး စကားကိုလည်းလိုတာထပ် ပိုမပြောတဲ့သူတွေပဲ့။ ရိဖေးဟာလည်း သူတို့မိသားစုနဲ့ ဆုံဖြစ်ရင် ခပ်ထန်ထန်သာပြောဆိုတတ်တယ်။ သူတို့အိမ်တော်ကိုအုပ်ချုပ်နေတာက အသက်၈၀ ပြည့်ပြီးဖြစ်တဲ့ ကုန်းအဖိုးကြီးတစ်ယောက်ပဲ့။ သူကသန်မာတဲ့ Alpha အမျိုးသားကြီးတစ်ယောက်ဖြစ်ပြီး ယခုအထိ သွက်လက်ဖြတ်လတ်တုန်း့ဖစ်သည်။ သူ့ရဲ့အမိန့်တစ်ချက်က ကုန်းအိမ်တော်သားတွေ အားလုံးမနာခံပဲ မရဘူး။ အားလုံးကြောက်ရွံ၊ ရိုသေကြသည်။ ဒီအထဲမှာ ရိဖေးကတော့ ငယ်စဥ်ကတည်းကမပါခဲ့ဘူး။
[ ကုန်းအိမ်တော် ]
" ရိဖေးသခင်လေး.... "
ခြံဝန်းအကျယ်ကြီးကို ဖြတ်ဝင်လာပြီး ပင်မအိမ်တော်ထဲကို ဝင်လိုက်သည်။ အိမ်တော်ကအလုပ်သမားတွေက ရိဖေးကိုခေါင်းငုံ့နှုတ်ဆက်ကြသည်။ ထိုအထဲသူ့ကိုခေါ်လိုက်သူက ကုန်းအဖိုးကြီးရဲ့လက်ထောက် လောင်ဟို့ ဆိုတဲ့အသက်၅၀ အရွယ်လူကြီးတစ်ယောက်ဖြစ်တယ်။
" လောင်ဟို့ အဖိုးရော.... ကျွန်တော်ဆွေးနွေးစရာရှိတယ်လို့ပြောပေး "
" သခင်ကြီး စာဖတ်ခန်းထဲမှာပါ သခင်လေး "
ရိဖေး ခေါင်းတစ်ချက်ငုံပြီး စာဖတ်ခန်းဘက်ကိုလျှောက်သွားလိုက်သည်။ ဒီနေရာကြီးက လုံးဝပုံစံမပြောင်းခဲ့ဘူး။ သူငယ်ငယ်က ဆိုးသွမ်းပြီးအိမ်ရဲ့ ပရိဘောကတွေဖျက်ဆီးဖူးတယ်။ ဒါမဲ့အဖိုးဖြစ်သူက ပျက်စီးသွားတဲ့ ပစ္စည်းတွေနဲ့ ပုံစံတူတွေကိုသာ ထပ်ပြီးဖြည့်ထားတတ်တယ်။ ကျွန်းသားနဲ့ပြုလုပ်ထားတဲ့ အခန်းတံခါးတစ်ခုအရှေ့ရောက်တော့ တစ်ခါးကိုခွင့်မတောင်းပဲ ဝင်လိုက်သည်။
YOU ARE READING
I never said " Alpha "
Fantasy|| Uni & Zaw || ငါဘယ်တော့မှ Alpha လို့မပြောဖူးဘူး။ #ကုန်းရိဖေး၊ ကျန်းကျန့်ယွင် # Writer - Aeri_Saung(D.W) 🖤🖤🖤🖤🖤🖤🖤🖤 ငါဘယ်တော့မှ Alpha လို့မပြောဖူးဘူး။ #ကုန်းရိဖေး၊ ကျန်းကျန့်ယွင် # Writer - Aeri_Saung(D.W)