My girlfriend is fujoshi ✨

651 55 14
                                    

Seokjinမှန်ပေါ်ကကိုယ့်ပုံရိပ်ကိုကြည့်ကာသဘောတကျပြုံးလိုက်ပြီး

"အင်းဒီလောက်ဆိုမမနဲ့Dateဖို့လုံလောက်ပြီမလား...."

Seokjinမြူးတူးစွာဖြင့်ကားသော့လေးကိုရမ်းကာအောက်ထပ်ကိုဆင်းလိုက်သည်

"မားရေသားသွားတော့မယ်..."

"ဟဲ့သားဘယ်သွားမလို့လဲဒီနေ့ပိတ်ရက်လေ.."

"မားကလည်း မမနဲ့သွားDateမလို့လေ ဟိ..."

Seokjinစိတ်လှုပ်ရှားစွာအပြုံးလေးဖြင့်ပြောလိုက်သည်

"အော် တစ်မမနဲ့ရူးနေသိလား အဲ့နင်မမလို့ခေါ်နေတဲ့ကလေးမကနင့်ကိုလင်လိုက်ပေးစားနေတာပြီးတော့နင့်ကိုပေးစားတာကရပါတယ်နင့်အပါးကိုပါဦးလေးက အုတ်ခဲtype ဆီမီးခွက်typeနဲ့လိုက်လိုက်ပြောနေတဲ့ကလေးမကိုနင်က လက်ထက်ဖို့ထိတောင်စဥ်းစားထားတာကိုငါမယုံနိုင်သေးဘူး"

စိတ်လေသလိုအပြုံးကြီးဖြင့်ပြောလာတဲ့မား

"မားကလည်း သားနဲ့လက်ထက်ပြီးရင်မမကိုသေချာဆုံးမပေးမှာပေါ့ အဲ့ခါကျရင်မမကသားပြောသမျှကိုခေါင်းငြိမ့်ပြီးလိုက်နာလိမ့်မယ်...အဟွန့်"

"အေးပါ အဲ့ကလေးမကိုလက်မထက်ခင်နင်အရင်လင်ရမှာမြင်ယောင်နေသေး"

"အားးးမားကလည်းနမိတ်မရှိနမာမရှိတွေ သွားပြီ"

ဖင်လေးကော့ကော့နဲ့ထွက်သွားတဲ့သားတော်မောင်ကိုကြည့်ရင်းသက်ပြင်းချမိသည်

____________°°My girlfriend is fujoshi

"မမရေ မောင်လာပြီလေ...."

Seokjin အိမ်တံံခါးကိုအနည်းငယ်တွန့်ဖွင့်လိုက်ရင်းအိမ်ထဲဝင်လိုက်သည် အိမ်ထဲတွင်ဘယ်သူမှရှိပုံမရ

မမ မှာမောင်တစ်ယောက်တော့ရှိသည်အဲ့ကောင်ကနည်းနည်းတော့ရိုင်းသည်၊ကိုယ့်ကိုဆိုမျက်စိဒေါက်ထောက်လိုက်ကြည့်နေတာ

သူ့အစ်မကိုစိတ်မချလို့ထင်ပါရဲ့ နောက်ခါကျရင်ယောက်ဖလေးကိုအပြီကပ်ထားရမယ်ဟိဟိ

Seokjinကိုယ့်အတွေးနဲ့ကိုယ်ပျော်နေတုန်းအသံကြားရတာကြောင့်

~ Jinkook  Short Story~ (Complete)Where stories live. Discover now