6

84 11 1
                                    

ကျောင်းဖွင့်ရက်၊ရက်သတ္တပါတ်ကျော်လာတာနှင့်အညီ၊ကျောင်းရဲ့activitiesတွေကမြောက်များစွာ။
ဘတ်စကတ်ဘော၊ဘော်လီဘော၊ဘောလုံး၊တင်းနစ်၊chess၊dance clubတွေအပြင်တိုက်ကွမ်ဒို။
နှစ်ကြီးကျောင်းသူ၊ကျောင်းသား၊စီနီယာအကိုအမကြီးတွေကဦးဆောင်ကြပြီးပထမနှစ်အတန်းကလေးတွေကို၊နှစ်သက်ရာclubတွေမှာပါကြဖို့ကိုactivateလုပ်ကြတယ်။

"မောနေပြီလား"

"ရပါတယ်ဟနင်ကလည်း၊မမောပါဘူး။"

"အင်းပါ၊အင်းပါ။တော်သေးတယ်၊နဒီမလာလို့ဒီနေ့ငါတစ်ယောက်ထဲလှည့်ရတော့မယ်မှတ်တာ။တော်သေး။ပြီးတော့ပြီးပါပြီ။ဒီbussinessဘက်ပြီးရင်။"

"အေးပါ၊ရတယ်"

.......

္"ဝင်ခွင့်ပြုပါ၊တီချယ်"

"အော်၊သမီးတို့။ဝင်ခဲ့ဝင်ခဲ့၊လာ"

"Everyone၊မနက်ကစီနီယာအကိုကြီးတို့အမကြီးတို့ကနေသက်ဆိုင်ရာဝါသနာပါရာclubအသီးသီးကိုဝင်ကြဖို့activateလုပ်သွားတာလည်းသိကြမှာပါ။
ecတွေဆီမှာလည်းနာမည်စာရင်းတွေပေးပြီးကြလောက်ပြီလို့ထင်ပါတယ်။
အမတို့က မောင်လေးတို့၊ညီမလေးတို့ပေးထားကြတဲ့နာမည်စာရင်းကိုလာကောက်တာပါ။
ဆိုတော့။မနက်ကမသိလို့မပေးလိုက်ရတဲ့သူတွေကော၊အခုမှစပြီးနာမည်စာရင်းပေးကြမဲ့သူတွေကော။လာပေးလို့ရပါပြီ။အမတို့တစ်ခါထဲစောင့်ယူသွားမှာပါ။"

....

တစ်ယောက်ပြီးတစ်ယောက်လာပေးကြတဲ့နာမည်စာရင်းတွေကိုအသေချာလေးလိုက်မှတ်ရင်းကနေ...

"ဖြူနှင်းအောင်"

အသံပြတ်ပေမဲ့နားထောင်လို့ကောင်းတဲ့အသံ။
အသံတွေကိုအမျိုးအစားခွဲလို့ရနိုင်လားမသိပေမဲ့ချစ်စရာကောင်းတဲ့ဘက်ကိုသွားတဲ့အသံပိုင်ရှင်ကလေးကိုမော့ကြည့်မိသည်။

ဟင်။

"ဟဲ့။မြူးမြူး။မှတ်လိုက်လေ။ဖြူနှင်းအောင်တဲ့။"

လက်ကိုအသာရိုက်လို့ဘေးကပြောလာတဲ့အိသက်ကြောင့်နာမည်လေးကိုရေးမှတ်လိုက်သည်။

ုဖြူနှင်းအောင်။

နာမည်ပေးပြီးသွားတာမို့အစိမ်းရောင်hoodieနဲ့ဖြူနှင်းအောင်နာမရှိတဲ့ကောင်မလေးကအတန်းရှိရာကိုပြန်သွားသည်။

The Answer..?Where stories live. Discover now