"ဟင်း..."
တိတ်ဆိတ်နေတဲ့ညခင်းအချိန်တစ်ခုမှာထွက်ပေါ်လာတဲ့သက်ပြင်းချသံကတိုးလျလျ။
ဖွင့်ဟကြည့်မိတဲ့အခန်းတံခါးကိုအသာပြန်စေ့လို့အိပ်ခန်းဆီကိုပဲပြန်လာလိုက်တယ်။ထင်ထားတဲ့အတိုင်းပါပဲ။ဒီလိုနေ့ကိုရောက်လာတိုင်းမေမေကညဘက်မှာသူ့အခန်းမှာသူမြူးမြူးမသိအောင်ခိုးငိုနေကြ။
ဒီနေ့ညမှာငိုပြီးသွားရင်ေနာက်မနက်ခင်းတစ်ခုကိုရောက်လာတာနဲ့မြူးမြူးအပေါ်မှာနွေးနွေးထွေးထွေးနဲ့ဆက်ဆံပေးတတ်တဲ့မေမေတစ်ဖန်ပြန်ဖြစ်သွားလိမ့်မယ်။
ဒါတွေကမြူးမြူးသိတတ်စအရွယ်ကတည်းကအမြဲတစေကြုံတွေ့လာခဲ့ရသည်ချည်းသာ။
မေမေကလိမ်တဲ့နေရာမှာမတော်ဘူး။မေမေကသူမငိုေကြွးနေခဲ့တာကိုမြူးမြူးမသိဘူးလို့ထင်နေတယ်။ဒါကြောင့်လည်းမသိသလိုဟန်ဆောင်နေပေးရတာကမြူးမြူးရဲ့တာဝန်တစ်ခုလိုဖြစ်လာတယ်။
..........................................................
ဒီနေ့...!
ဒီနေ့ဆိုတာကမေမေနဲ့မြူးမြူးရဲ့ဖေဖေလို့အမည်ခံတဲ့ဦးနေလင်းတို့ရဲ့မဂ်လာနှစ်ပတ်လည်နေ့။
ဖေဖေဆိုတာကမြူးမြူးရဲ့မှတ်ဉာဏ်ထဲမှာပုံဖမ်းယူလို့မရအောင်ထိဝေဝေဝါးဝါး။တစ်နှစ်သမီးအရွယ်မြူးမြူးနဲ့မေ့မေ့ကိုပစ်ပြီးတစ်ခြားမိန်းမတစ်ယောက်နောက်ကိုလိုက်သွားတဲ့ဖေဖေကမေမေ့အတွက်တော့၊ယနေ့အချိန်အထိဖေဖေတစ်ယောက်ကိုပဲသစ္စာရှိရှိချစ်နေရသေးတဲ့ခင်ပွန်းတစ်ယောက်ဖြစ်နေသေးပုံပင်။
မြူးမြူးအတွက်ကတော့မေမေကသာမြူးမြူးရဲ့ဘဝကြီးတစ်ခုလုံးနဲ့အရာရာပင်။
ဖေဖေဆိုတဲ့သူကိုတော့မချစ်သလို၊တွေ့လည်းမချင်မိ။မြူးမြူးရဲ့အဖေနေရာမှာလည်းလက်မခံပေးနိုင်။မေမေကသာမြူးမြူးရဲ့ဖေဖေ၊မြူးမြူးရဲ့မေမေ။
"ဟူး..."
အိပ်ယာပေါ်၌လှဲနေပေမဲ့အတွေးတို့ကြောင့်တော်တော်နှင့်အိပ်မပျော်နိုင်။
ဒီတစ်ညတော့ညတာရှည်ပေဦးမယ်။........................................................................
"တီ!တီ!တီ"