5

42 9 1
                                    

"ပစ္စည်းတွေစစ်ကြည့်ဦးသမီး။အိမ်ကျမှလိုချင်မှမဝယ်ခဲ့ရဘူးဖြစ်မယ်။လိုတာရှိသေးလားကြည့်။"

"ဟုတ်။အကုန်လုံးတော့စုံသလောက်ဖြစ်ပါပြီ။computingနဲ့ဆိုင်တဲ့တစ်ချို့စာအုပ်လေးတွေတော့ဝယ်ချင်သေးတယ်။ပြီးတော့ပူတူးဖက်ထုပ်စားချင်တယ်မေမေ။အပြန်ခါကျရင်။တခြားမုန့်စားချင်တာလေးတွေရော။"

"အင်း။လာ။အဲ့တာဆိုမေမေနဲ့ဖက်ထုပ်အရင်သွားစားရအောင်။တခြားအိမ်ကျစားချင်တဲ့မုန့်လေးတွေရောတစ်ခါတည်းဝယ်။ပြီးမှသမီးလိုချင်တဲ့စာအုပ်ဝယ်တာပေါ့။"

"ဘုတ်!!"

"အင့်"

ပူတူးကိုဝင်တိုက်သွားတဲ့လူတစ်ယောက်နဲ့အတူ၊ကြမ်းပြင်ပေါ်ကိုပြုတ်ကျသွားရတဲ့လက်ထဲကအထုပ်တွေ။

"ခါးပိုက်နှိုက်ဗျို့!!ခါးပိုက်နှိုက်!!လုပ်ကြပါဦး။ကျုပ်ပိုက်ဆံအိတ်ပါသွားလို့။လုပ်ကြပါဦး"

"ဟမ်!!!"

သူမအာမေဋ္ဌိတ်အသံပင်ထွက်သွားရသည်။
ပါးစပ်ကလည်းအော်ရင်းကုန်တိုက်ထဲအရှေ့ဆုံးကပြေးလာသူအမျိုးသားတစ်ဦးနဲ့အတူ၊ထိုသူနဲ့မနီးမဝေးတွင်အပြေးလာနေကြသူများ။
ဒါဆိုခုနကသူမကိုတိုက်ပြေးသွားတာကသူခိုးဖြစ်နေတာပေါ့။
ရုပ်ကိုအသေအချာမမြင်လိုက်တာမို့သူမအရှေ့ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်သည်။
အနက်ရောင်hoodieခေါင်းစွပ်နဲ့အလျင်အမြန်သွားနေသူ။

"သမီး!!!"

မေမေခေါ်နေတာကိုပြန်မထူးမိတော့။
အခုနက ကျသွားတဲ့အထုပ်တွေကိုလည်း​ြပန်မကောက်တော့။
သူခိုးဆိုသူအနောက်ကိုပဲအပြေးအလွှားလိုက်မိသည်။
အရှေ့ဆုံးကအနက်ရောင်ဝတ်ခါးပိုက်နှိုက်၊အနောက်ကပြေးလိုက်တဲ့သူမ။သူမအနောက်မှာလိုက်လာကြတဲ့လူအုပ်ကြီး။

"လိုက်!!လိုက်!!"

အနောက်ကလူကြီးဆီကထွက်​ေပါ်လာတဲ့အသံတွေက ကျယ်ကျယ်လောင်လောင်။
မြို့နယ်အဆင့်အပြေးချန်ပီယံ၊ပူတူးပင်မမှီနိုင်သေးအောင်၊ခါးပိုက်နှိုက်သမားကပို၍အပြေးမြန်သည်။

"ဟင်"
အပေါ်ကိုတတ်တဲ့ဓာတ်လှေကားကနေထောင့်ချို့တစ်နေရာအရောက်မှာ၊ဘယ်နဲ့ညာတစ်ဖက်စီကွဲနေတဲ့အနက်ရောင်ဝတ်နဲ့လူနှစ်ယောက်။
အပြေးနှုန်းကိုလျော့ချပြစ်ရင်းဘယ်တစ်ယောက်ကခါးပိုက်နှိုက်လဲဝေခွဲမိသည်။
သို့ပေမဲ့အခုနကအထိအနောက်ကအပြေးလိုက်လာသူမို့၊အနဲနဲ့အများရင်းနှီးတဲ့အနက်ရောင်ကျောပြင်တစ်ခုအနောက်ကိုပဲပြေးလိုက်မိသည်။

The Answer..?Where stories live. Discover now