{4}

366 2 0
                                    

(Unicode)

(Unicode)

ကြင်နာမှု့မရှိ အတိကင်းမဲ့နေတဲ့ ပါတ်၀န်းကျင်၌ ဖြစ်တည်လာတဲ့ ကလေးငယ်ငယ် နုနုရွယ်ရွယ်
မည်သို့ပင်ဆ်ို နစ်မွှန်းလွယ် တိမ်မြုတ်လွယ်လိုက်ပါဘိ့နှယ့်

ရင်ထဲတော့ စိုးရိမ်က ပြင်းပြင်းပြပြရှိနေပါ၏
ဖယောင်းလိုပင် အခုအရွယ်က ပုံသွင်းဖို့လွယ်ကူတဲ့အချိန်မဟုတ်လား
သို့သော်ငြားလည်း မငြိုင်ငြင်ရက် ပြောမထွက်

အပူလို့မဆိုသာသော်လည်း ရတက်တော့မအေးနိုင်

" ဟိတ်လူ ငြိမ်မနေနဲ့လေဗျာ ကျုပ်အိပ်ငိုက်လာပြီ"

ကိုယ့်အတွေးနဲ့ကိုယ်တော့ ဟုတ်လှပြီအထင်နဲ့ ကားမောင်းလာတာ လမ်းတစ်၀က်မရောက်တရောက်လေးမှာ နုံးချိ့ချိ့လေသံနဲ့ ဆူပုတ်ပုတ်ပြောတဲ့ ကောင်ဆိုးလေး

"Sorry ကိုယ်တွေးစရာတွေများသွားလို့ ဒါနဲ့ မင်းကဘယ်လိုအ၀တ်အစားမျိုးတွေ၀တ်လေ့ ၀တ်ထရှိလဲ"

"သေချာတာတော့ ခင်ဗျားအခုပေးထားတဲ့ ပုဆိုးမျိုးတော့မဟုတ်တာသေချာတယ်"

"ကိုယ့်မှာရှိတာ မင်းကိုပေး၀တ်ရတာပဲကွာ စိတ်တော့မရှိနဲ့"

"နေဦး ကျုပ်ပုံတွေပြမယ် ခင်ဗျားကို"

ပြောပြောဆိုဆိုနှင့် ကျောပိုးအိတ်ထဲမှာ ကောက်ထုတ်လိုက်သည်က Iphone 11 pro max

ဒီကောင်လေးကအပေအတေတော့မဟုတ်လောက် မိဘတွေက ဆွေကြီးမျိုးကြီးထဲကဖြစ်နိုင်သည်

တကယ်ပဲ ဒီကလေး အိမ်ပေါ်ကနှင်ချခံထားရတာလား ?

"ဒီမှာကြည့် ကျုပ်အမြဲအလိုလ်ို၀တ်ဖြစ်တဲ့ အ၀တ်အစားတွေ"

ကားမောင်းနေသည့် သူကို ဖုန်းထဲကပုံတွေအတင်းထိုးပြနေတဲ့ ကောင်ဆိုးလေးနဲ့ဆော့ခက်သည်

ဖုန်းကိုတစ်ချက်တစ်ချက်သာလှည့်ကြည့်လိုက်တော့

ကောင်ဆိုးလေးက တကယ့်သူဌေးသားလေးပင် ခုခေတ်လူငယ်တွေ၀တ်လေ့၀တ်ထ ရှိတဲ့ တရုတ်ဆန်ဆန် ကိုရီးယားဆန်ဆန် ဒီဇိုင်းကာလာဘာညာအနေအထားဆိုဒ်

မော်ဒယ်မင်းသားနှင့်ပင်မှားမိသည်

"ဟုတ်ပြီ ဒီပုံစံတွေ၀ယ်ကြတာပေါ့ ကိုယ့်မှာငွေသားပါသလောက်နဲ့၀ယ်ပေးမယ် ဟုတ်ပြီလား"

{R E F U G E }Where stories live. Discover now