...
(Unicode)
နေ့ရက်တွေက တရွေ့ရွေ့နဲ့တိုက်စားရင်း ကုန်ဆုံးချိန်တို့က နေ့ရက် လသို့ကူးပြောင်းခဲ့လေပြီ
အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ ကျုပ်ရင်ထဲကို တစ်ိုက်မက်မက်စူးနစ်၀င်လာတဲ့ စူးတစ်ချောင်းက အဆိပ်သင့်လို့နေခဲ့ပြီဆိုတာ ကျုပ်သိလာလိုက်ရသည်
ပုံမှန်နေ့ရက်တွေလိုသာ သူကလဲ အလုပ်သွားသည်ပြန်သည် ပိတ်ရက်ဆိုလဲ အိမ်ထဲမှာ Laptop တစ်လုံးနှင့်အလုပ်ရှုပ်နေတက်သည်
ကျုပ်ဘက်က စပြီးစကားစပျိုးတာမျိုးမရှိရင် သူ့ဘက်ကစကားစလာတာမျိုးမရှိတော့ တစ်လကျော်ကျော် သူ့အိမ်မှာကုန်ဆုံးလာချိန်မှာတော့
သူကျုပ်ကို ရှောင်ဖယ်တက်နေပြီလို့ ကျုပ်စိတ်ကအလိုလိုခံစားမိနေသည်
ဒီလိုခံစားရလာတာနှင့်အမျှ မဖြစ်နိုင်ဘူးလို့ ခံယူထားရတဲ့ သူ့အပေါ်မှာထားတဲ့ ကျုပ်ရဲ့ခံစားချက်တွေကလဲ ပိုထိန်းချုပ်ရခက်လို့လာသည် ...
မုန်းလိုက်တာ ဦးမော်ရယ် ....
ကျုပ်ဘာဆက်လုပ်ပြီး ဘယ်လိုနေရမှာလဲ
ဦးမော်ကျုပ်ကို စိတ်ဆိုးနေတာလား ဒါမှမဟုတ်မပတ်သက်ချင်တော့တာလား
ကျုပ်ကဒဲ့တိုးဆန်ပြီး ဂျစ်တစ်တစ်ကောင်ဆ်ိုးလေးမှန်းကျုပ်သိပါတယ် ဒါပေမယ့် ဦးမော်ရဲ့ ဥပေက္ခာပြုခြင်းကိုတော့ကျုပ်က ကြောက်တက်နေပြီဗျ
အိမ်ခန်းအောင်းကာ ဟိုလှိမ့်ဒီလှိမ့်လုပ်လိုက် အတွေးများစွာပလုံစီရင်း ငြိမ်သက်သွားလိုက်နဲ့ အရင်နဲ့မတူပဲ အကျင့်စရိုတ်တွေဗြောင်းဆန်နေတဲ့ကျုပ်ပေါ့
ကျုပ်အတွက်ကျုပ် ရင်မလေးစဖူး ရင်လေးနေရခြင်း၏အဓိကအကြောင်းပြချက်ကတော့ "ဦးမော်" ဆိုသောသူအတွက်ကြောင့်သာ
ဘာတွေလဲ ! ကျုပ်တကယ်မစဥ်းစားချင်တော့ ဂုဏ်ည်ိုသွေးရိပ် ဆိုတဲ့ကျုပ် "ဦးမော်" ဆိုတဲ့ခင်ဗျားကြောင့်အတွေးတွေဆက်မများချင်တော့ပါ
*တစ်ခါတစ်ရံ ရင်ခုန်သံတွေလျစ်လျှူရှူလိုက်ခြင်းကလည်း မသိစိတ်ကိုအနိုင်ယူလိုက်ခြင်းတစ်မျိုးပေါ့*
YOU ARE READING
{R E F U G E }
FanfictionOngoing မို့ ကွန်ပလိ့မှဖတ်ချင်သူတွေမဖတ်ပါနဲ့ဦးရှင့် 🔞🔞🔞လဲပါမှာမို့ အမှောင်မကြိုက်ရင်မဖတ်ပါနဲ့ရှင့် သွိုင်းဇူး