{3}

399 1 0
                                    

(Unicode)

(Unicode)

အရင်ထဲကသပ်ရပ်နေပြီးသားအခန်းလွတ်တစ်ခုထဲကို ၀င်လာပြီးနောက် လိုအပ်သည်ထင်သော အိပ်ရာခင်း ခေါင်းအုံး စောင်စသည်တို့ကို ကုတင်ပေါ်မှာချပေးလိုက်ပြီးနောက်
သူ အိမ်ခန်းထဲမှပြန်ထွက်လာခဲ့တာပေါ့

ဧည့်ခန်းထဲ ပြန်ရောက်တော့ဆိုဖာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ကောင်ဆိုးလေးကိုသူ တွေ့လိုက်ရတာပေါ့

ဒီလိုလေးကျပြန်တော့လဲ အထူးတလည်ပြင်ဆင်ထားခြင်းမရှိတဲ့ ကောင်ဆိုးလေးက ဖိုသီဖက်သီအ၀တ်အစားနဲ့ကိုပင် အဖြူထည်သက်သက်ကလေးကို ဖြူစင်နေပါရဲ့

သူ နှိုးလိုက်ဖို့အတွက် လက်ရွယ်လိုက်ပြီးကာမှ ထိုလက်အားပြန်ရုတ်သိမ်းလိုက်တော့သည်

သူမနှိုးရက်တော့ပါ ဒီကောင်ဆိုးလေးက အိပ်ပျက်ရက်တွေအတန်ရှည်ခဲ့ပါရင် အခုလိုအချိန်လေးမှာ ၀အောင်အိပ်စက်အနားယူနိုင်ပါစေဆိုတဲ့စိတ်နဲ့ပေါ့

အခန်းထဲမှ စောင်တစ်ထည်၀င်ယူကာ ကောင်ဆိုးလေးပေါ်အသာခြုံပေးပြီး အခန်းထဲ၀င်ကာ တစ်နေ့တာပင်ပန်းထားသမျှ​တွေကို ရေချိုးခန်းထဲ၀င်ကာရှင်းထုတ်လိုက်တော့သည်

မိဘနှစ်ပါးလုံးက ပြည်ပမှာသာအနေများတာမို့ စံအိမ်ကြီးနဲ့ဝေးရာမှာသာ တစ်ကိုယ်ရေတစ်ကာရ လာနေတဲ့ သူ့အဖို့ ကောင်ဆိုးလေးတစ်ယောက်အိမ်မှာအဖော်လာပြုပေးယုံလောက်နဲ့တော့ သူ့အတွက်၀န်ထုတ်၀န်ပိုးတစ်ခုဖြစ်မလာနိုင်ပါ

တစ်ယောက်ထဲအေးအေးဆေးဆေးနေဖို့လမ်းကိုရွေးခဲ့ပေမယ့်လဲ တစ်ခါတစ်ရံတော့ အတော်လေးအထီးကျန်ဆန်တာသူကိုယ်တိုင်သာသိသည် တစ်ဦးတည်းသောသားဖြစ်တာမို့ အားကိုးအားထားစရာအကြီးလဲမရှိ နွေးထွေးယုယစရာအငယ်လဲမရှိ သူတစ်ယောက်ထဲသာကိုယ့်အခြေအနေကိုယ်ထိန်းရင်းနေနေရသူပေါ့

အတွေးတွေသိပ်နယ်မကျွံ့သွားရင်အသိပြန်ကပ်လိုက်ရင်း ရေချိုးခြင်းကိုလက်စသက်ကာ ညစာအတွက်မီးဖိုခန်းရှိတာခြေဦးတည်လိုက်တော့၏

အပြင်စာတွေကို မစားတက်သူပီပီ အလုပ်ပြန်ချိန်ဘယ်လောက်ညနက်ပါစေဦးတော့ အိမ်၌သာကိုယ်တိုင်ချက်ပြုတ်စားဖြစ်သည်

{R E F U G E }Tempat cerita menjadi hidup. Temukan sekarang