- 3 -

3.2K 493 28
                                    

သူ့ဗိုက်နဲ့ ပေါင်မှာရှိတဲ့ ဒဏ်ရာတွေကနေ သက်သာဖို့ တလလောက် အိပ်ရာပေါ် လှဲလိုက်ရတယ်။ မှန်ရှေ့မှာရပ်ရင်း သူ့ကိုယ်သူ ခဏကြည့်လိုက်တယ်။ အဝတ်တွေ ဝတ်ပြီးတာနဲ့ မြို့ပြင် ခဏသွားမယ်လို့ အိမ်ကို ပြောခဲ့လိုက်တယ်။

မိဘတွေက မတားဘူး။ ရှောင်းကျန့်ဟာ သူတို့မျက်လုံးထဲမှာ လိမ္မာတဲ့သားလေးပဲ။ သူ့မိဘတွေကို လိမ်လိမ်မာမာ ပြောပြတယ်။ သူ မြို့ပြင်ထွက်ချင်တဲ့အကြောင်းနဲ့ ဝမ်ရိပေါ်ဆိုတဲ့လူမှာ သူနဲ့ပတ်သက်ပြီး ဘာအမုန်းတရားတွေများ ရှိနေလဲ သိချင်လို့ ဆိုတာကို ပြောပြခဲ့တယ်။ အဲ့လူသေသွားရင် သူ့မှာ မေးခွင့်ရှိလိုက်တော့မှာ မဟုတ်ဘူးမလား။

"မြို့ပြင်ကလူတွေမှာ အကြောင်းပြချက်ဆိုတာ ရှိတာမဟုတ်ဘူး။ သူတို့သတ်ချင်ရင် သတ်နေကြတာပဲ"

ရဲဝတ်စုံ သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ သူ့ညီဝမ်းကွဲက အဲ့စကားကိုပြောရင်း သူ့ကို အချုပ်ခန်းရှိရာ ခေါ်သွားတယ်။

ဒီအချုပ်ထောင်က မြို့ပြင်မှာ ရှိတာဖြစ်ပြီး မြို့ပြင်ကလူတွေကို ချုပ်ထားတာဖြစ်တယ်။ ဒီလူတွေဟာ သေတဲ့အထိ မြို့ထဲကို ဝင်ဖို့ မထိုက်တန်ဘူး။

အချုပ်ခန်း တော်တော်များများကို ကျော်ဖြတ်ပြီး သူ့ဝမ်းကွဲညီနောက် လိုက်သွားတယ်။ အော်ဟစ်သံတွေ၊ ညည်းညူသံတွေဟာ အဆုံးမရှိပဲ။ တကယ်တော့ ဒါဟာ ချမ်းသာတဲ့ စီးပွါးရေးသမားတွေဟာ သူတို့ရဲ့ စိတ်ဆန္ဒတွေကို ဒီမှာ လာ ဖောက်ထုတ်နေကြတာဖြစ်တယ်။ မြို့တော်တွင်းမှာ ယဉ်ကျေးချင်ယောင်ဆောင်ပြီး ဒီမှာတော့ သူတို့ရဲ့ဈေးကြီး အဝတ်အစားတွေကို ချွတ်လို့ အစွယ်တပြပြနဲ့ နှိပ်စက်ညှင်းပန်းနေကြတာဖြစ်တယ်။

ရှောင်းကျန့်စိတ်ထဲ သူ အကြာကြီး လမ်းလျှောက်လိုက်ရသလိုပဲ။ နောက်ဆုံးမှာတော့ သူ အချုပ်ထောင်ရဲ့ အဆုံးစွန်ဆုံးနေရာကို ရောက်သွားတယ်။ တံခါးကို တင်းတင်းကြပ်ကြပ်ပိတ်ထားတဲ့ အတွင်းအကျဆုံးအချုပ်ခန်းတခန်းရှေ့မှာ ရပ်လိုက်တယ်။ အခန်းရဲ့ တခုတည်းသောပြတင်းပေါက်ကအစ တင်းတင်းပိတ်ထားတယ်။

"ငါကြားတာတော့ သူက အမှောင်ကြောက်တယ်တဲ့။ ပြီးတော့ သရဲလည်း ကြောက်တယ်ပြောတယ်"

I'm A Lunatic Living On The Edge Of The City ||Completed||Where stories live. Discover now