ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ပါးပေါ်က မျက်ရည်စက်ကို လျှာနဲ့လျက်လိုက်တယ်။ ရှောင်းကျန့်ရဲ့မျက်ဝန်းတွေက မျက်ရည်ကျတာ အရမ်းလွယ်တယ်။ သူတို့ ပြီးဆုံးခါနီးအချိန်ရောက်တိုင်း နီရဲနေတဲ့မျက်ဝန်းထဲကနေ ရေပူစမ်းလေးတကြောင်း စီးကျလာတတ်တယ်။ သူ ရှောင်းကျန့်ခါးကို ဖျစ်လိုက်ပြီး မျက်ရည်တွေကို လျက်ပေးလိုက်တယ်။
အခု သူ့မှာ လက်ထိပ်တွေ မရှိတော့ဘူး။ အဲ့တော့ ရှောင်းကျန့်ခန္ဓာကိုယ်ကို သူ ကြိုက်သလို ပွတ်သပ်ကိုင်တွယ်လို့ရပြီဖြစ်တယ်။ ရှောင်းကျန့်က သူ့ကိုယ်ပေါ်မှာ အမှတ်အသားတွေ ထားခွင့်မပြုဘူး။ လက်နဲ့ပဲ ကြိုက်သလို ပွတ်သပ်နိုင်တယ်။ ခဏအကြာ ပျောက်သွားနိုင်တဲ့ ပန်းရောင်သဲ့သဲ့လက်ရာတွေပဲ ချန်ထားရစ်တယ်။
ဒါပေမဲ့ ရှောင်းကျန့်က သူ ပြီးသွားတဲ့အခါတိုင်း ဝမ်ရိပေါ်အသားကို သွေးစို့တဲ့ထိ ကိုက်တတ်တယ်။ ဒါမှမဟုတ် သွေးထွက်တဲ့အရာတွေပေါ်အောင် လက်ချောင်းတွေနဲ့ ကုပ်ခြစ်တတ်တယ်။
ရှောင်းကျန့်က သူ့ဘောင်းဘီကို ပြန်ဝတ်လိုက်ပြီး ဝမ်ရိပေါ်ရှေ့မှာ ရပ်တယ်။ ပြီးတာနဲ့ ခေါင်းငုံ့လာပြီး နမ်းတယ်။ ပြီးတော့ ခေါ်တယ်။
"ဟေး ခွေးပေါက်လေး"
သူ လိမ်လိမ်မာမာပုံလေးနဲ့ ရှောင်းကျန့်ရဲ့လက်ဖဝါးကို ပွတ်သပ်တယ်။ ပြီးတာနဲ့ သံတံခါးကြီးကို တွန်းဖွင့်လို့ ထွက်သွားတဲ့ ရှောင်းကျန့်ကို လိုက်ကြည့်နေတယ်။ သံတခါးကြီးကို သော့ခတ်သွားတယ်။
အဲ့ဒီ့လူသာ ရှောင်းကျန့်မဟုတ်ရင် သူ ချစ်မိမှာ သေချာတယ်။
*
သူဟာ အဖြူရောင်ချည်သားအင်္ကျီနဲ့အတူ လီနင်သား အဝတ်အစားတွေ ဝတ်ထားတယ်။ ပုံစံက အကျဉ်းထောင်တွေထဲက ထောင်သားအဝတ်အစားနဲ့တူတယ်။ ဒါပေမဲ့ တစုံတယောက်က သူ့အတွက် ဆပ်ပြာနံ့သင်းတဲ့ အဝတ်သန့်သန့်တွေ နေ့တိုင်း ယူလာပေးတယ်။
သူ နံရံကို မှီလိုက်ပြီး ပြတင်းအပြင်က ကြားရတဲ့ ရယ်သံတွေကို နားထောင်နေမိတယ်။ ရှောင်းကျန့်နဲ့ သူ့သူငယ်ချင်းတွေဟာ ဒီညပွဲအတွက် ဆွေးနွေးနေကြတာဖြစ်တယ်။ လူတယောက်က ဝင်ပြောတယ်။ သူ မြို့ပြင်က ခေါ်လာတဲ့မိန်းကလေးမှာ ကိုယ်ဝန်ရှိနေလို့ ကလေးကို ဖျက်ချခိုင်းလိုက်ပြီး ကောင်မလေးကို မြို့ပြင်ပြန်ကန်ထုတ်ပစ်လိုက်တယ်တဲ့။ အဲ့လိုညစ်ပတ်တဲ့သွေးကို လောကမှာ မထားဘူးဆိုတဲ့အကြောင်း ပြောနေတယ်။

YOU ARE READING
I'm A Lunatic Living On The Edge Of The City ||Completed||
Fanfiction"ငါက ဘယ်သူလဲ?" "ရှောင်းကျန့်" "လိမ္မာတယ်" * "ငါက ဘယ္သူလဲ?" "ရှောင်းကျန့်" "လိမ္မာတယ်" Myanmar Translation