T/N : Plot က မယ်မယ်ရရမဟုတ်လို့ ဒီအတိုင်း အပျင်းပြေသဘောနဲ့သာ ဖတ်လိုက်ကြပါ။
_____________________________________________
အဆင့်အတန်းကို သွေးနဲ့ ခွဲခြားတဲ့ မြို့တော် ဖြစ်ပါတယ်။
*****
မြို့တော်ရဲ့အပြင်က ကောင်းကင်ဟာ အမြဲတမ်းလိုလို ညိုမှောင်နေတတ်တယ်။ အခု မိုးရွာနေတယ်။ မြို့ပြင်ကလမ်းတွေဟာ နှစ်ပေါင်းများစွာ ပြုပြင်ထားမှု မရှိတာကြောင့် ချိုင့်တွေ ပေါများနေပြီး ရွှံ့ဗွက်တွေ ထနေတယ်။
ဒီအိမ်ရဲ့ တံခါးကအစ ကျိုးပဲ့နေတယ်။
ရှောင်းကျန့် သူ့ကိုယ်သူ အားယူလို့ ထလိုက်တယ်။ ဘာအဝတ်စတွေနဲ့ ချုပ်ထားမှန်းမသိတဲ့ အိပ်ရာပေါ်မှာ ထိုင်လိုက်တယ်။ သူ့လက်ပေါ်မှာတော့ drip ချိတ်ထားတဲ့ အပ်ပေါက်ရာတွေ ရှိနေတယ်။
သူ့ရှေ့မှာ လူတယောက်ဟာ သစ်သားခုံပေါ် ထိုင်နေပြီး ခုံနဲ့ အရောင်တူ စားပွဲပေါ်ကို လက်ထောက်တင်ထားတယ်။ လက်ပေါ်မှာ သူ့မေးတင်ထားပြီး ကျိုးပဲ့နေတဲ့ ပြတင်းအပြင်က အမှိုက်တွေ ဖွနေတဲ့ ကြောင်ရိုင်းလေးတကောင်ကို ကြည့်နေတယ်။
သူ့ပါးစပ်ထဲမှာတော့ မြက်သီးပင်ကို ကိုက်ထားတယ်။
သူ ထလာတဲ့အသံကြားတဲ့အခါ ထိုင်နေတဲ့အဲ့လူက သူ့ဘက်ကို လှည့်ကြည့်လာတယ်။ ရှောင်းကျန့်ကို မျက်ခုံးပင့်ပြတယ်။
"နိုးပြီပဲ"
ရှောင်းကျန့် မျက်မှောင်ကြုတ်လိုက်တယ်။ သူ့လက်ပေါ်က အပ်ပေါက်ရာနဲ့ သူ့ကိုယ်ပေါ်က ဒဏ်ရာတွေကို ကြည့်လိုက်တယ်။ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ သူသိတယ်။
သူ ဒဏ်ရာရပြီး သွေးတွေ အများကြီး ဆုံးရှုံးထားတယ်။ ဒီလူက သူ့ကို သူ့သွေးတွေ သွင်းပေးထားတာဖြစ်တယ်။
သူ အော့အန်ချင်လာတယ်။
"ငါ့ကို ဘာလို့ မြို့တော်ပြန်မပို့တာလဲ?"
"ကျုပ်က ဘာလို့ ခင်ဗျားကို မြို့တော် ပြန်ပို့ရမှာလဲ?"
အဲ့လူက သူ့ကို နှာမှုတ်သံနဲ့ ခပ်ဆတ်ဆတ်ပြောတယ်။

YOU ARE READING
I'm A Lunatic Living On The Edge Of The City ||Completed||
Fiksi Penggemar"ငါက ဘယ်သူလဲ?" "ရှောင်းကျန့်" "လိမ္မာတယ်" * "ငါက ဘယ္သူလဲ?" "ရှောင်းကျန့်" "လိမ္မာတယ်" Myanmar Translation