Zawgyi Ver ..
ဝတီမင်းသော်က ကြယ်စင်အား ပုခုံးကိုပုတ်ခေါ်လိုက်ပြီး ပြောလာခဲ့သည်။
"ငါတို့ရော? ငါတို့လည်းလိုက်မယ်လေ"
ကြယ်စင်သည် အနည်းငယ် ဆွံ့အသွားပြီးနောက် လျှာထုတ်ပြကာ ပြောလိုက်သည်။
"မခေါ်ဘူး"
ထက်ပိုင်မှာ တဟားဟားရယ်ရင်း ကြယ်စင်အား လက်ညှိုးနှင့်လက်မကို အသည်းပုံလေးလုပ်ပြကာ ဆိုလာသည်။
"တွေ့လား ကြယ်စင်က ငါ့သူငယ်ချင်း နင်တို့နဲ့ ငါနဲ့က မတူဘူး"
ထိုအချိန်တွင် ခရမ်းကြည်တစ်ယောက် အခန်းထဲသို့ ဝုန်းဝုန်း ဒိုင်းဒိုင်းဝင်လာပြီး ကြယ်စင်ဘေးတွင် ဝင်ထိုက်လိုက်ကာ ပါးစပ်မှလည်း ပွစိပွစိပြောလိုက်သည်။
"ဘယ်လိုလူတွေလဲကိုမသိဘူး"
ကြယ်စင်မှာလည်း သိချင်စောဖြင့် မေးလိုက်မိသည်။
"ဘာဖြစ်လာတာလဲ?"
"ဘာဖြစ်ရမှာလဲ? ဟို ဘတ်စ်ကားမောင်းတဲ့လူကြီးပေါ့ ငါစီးလာတဲ့ကားလေ ငါက မှတ်တိုင်မရောက်ခင်တည်းက ဘဲလ်ကြိုတီးထားတာကို မှတ်တိုင်ကျော်သွားတာတောင် မရပ်ပေးဘူးလေ.. အာ့နဲ့ ငါလည်း ဘဲလ်ထပ်တီးတာပေါ့ ပြီးတော့ ပြောလိုက်သေးတယ် မှတ်တိုင်ကျော်လာပြီလို့ အဲ့လိုပြောတာကို အဲ့လူကြီးက ဘာပြောတယ်မှတ်လဲ? ဘဲလ်ကြိုတီးလေတဲ့.. ငါလည်းပြန်ပြောတာပေါ့ တီးနေတာ မကြားဘူးလားလို့.. သူတို့ကားတွေက ပြိုင်ကားတွေလည်းမဟုတ် နောက်တစ်စီးနဲ့ပြိုင်မောင်းလာပြီး ရပ်မပေးဘူးလေ.. အဲ့လောက်တောင်ပြိုင်ချင်ရင်လည်း ပြိုင်ကားပဲ မောင်းလိုက်ပါလား.."
ကြယ်စင်ကတစ်ချက်ရယ်လိုက်ပြီး ပြောလာသည်။
"ဒီလိုပါပဲ နင်ဒေါသထွက်နေရင် ထိခိုက်လိမ့်မယ် ခွင့်လွှတ်လိုက်ပါကွာ"
ခရမ်းကြည်က ပြန်ပြောလာသည်။
"ငါ တစ်ကယ်ကို ပြန်လုပ်ချင်နေတာ"
ထက်ပိုင်ကမေးလာသည်။
"အာ့ဆို နင် နာမည်ရယ် ကားနံပါတ်ရယ် မှတ်လာလား?"

KAMU SEDANG MEMBACA
What is Love??
Fantasiအချစ်ဆိုတာ ယုံကြည်မှုသက်သက်ပဲလား? လောကမှာ အချစ်စစ် အချစ်မှန်ဆိုတာ ရှိရဲ့လား? လူတွေရဲ့ ယုံကြည်နေတဲ့ ခံစားမှုတွေ အချစ်တွေဆိုတဲ့ အရာတွေ အကုန်လုံးဟာ လူတွေရဲ့ စိတ်ထဲမှာပဲရှိနေခဲ့ကြတာ။ တစ်ကယ်ရော ရှိရဲ့လား? ခံစားချက်?? အဟက်! အဲ့တြာ...