Ep.1

656 29 8
                                    

Uni

အချစ်ဦး၊ အချစ်ဆုံး၊ ရည်းစားဦး၊ ရင်ခုန်ဦး ဒါတွေအားလုံးက စကားလုံးလေးတွေလည်းလှသလို ခံစားချက်လည်းကောင်းတယ်။ပြန်တွေးလိုက်တိုင်းလည်း.ကြည်နူးမှုရသကို ပေးစွမ်းနိုင်တယ်။

Ex ရည်းစားဟောင်းကတော့ အဓိပ်ပါယျ လည်းမကောင်းလို့ ခံစားချက်လည်း ကောင်းမနေဘူး ။ ကြည်နူးစရာအခိုက်တန့်ကို ပြန်တွေးမိရင်တောင် ဒါတွေက တခါတုန်းက ဟိုအရင်အတိတ်တွေလို့ တွေးလိုက်ရင် စိတ်ခံစားချက်တွေကို ဟိုးတဆုံးထိ ဆွဲချသွားနိုင်တယ်။

သတိရနေရတာကတောင် ရင်နာနာရယ်။
သို့သော် ဒါတွေအားလုံးကို ရှောင်ကျန့်ဆိုတဲ့ လူတစ်ယောက်ကသာပိုင်တယ်။
ရိပေါ်ဘဝရဲ့ပျော်ရွှင်မှု၊ ဝမ်းနည်းမှုအားလုံး ရှောင်ကျန့် ဆိုတဲ့လူတစ်ယောက်နဲ့ပဲဆိုင်တယ်။

လမ်းခွဲတယ်ဆိုတာ အထင်လွဲလို့၊ နာကျည်းစရာတစ်ခုခုရှိလို့၊ နှစ်ဦးနှစ်ဖက်စိတ်ကုန်လို့ လမ်းခွဲကြတာများတယ်။
သူ့အဖြစ်ကတော့ တစ်ယောက်သောသူစိတ်ချမ်းသာဖို့ သူစိတ်မပါ ပါပဲနဲ့ တစ်ဖက်သတ်လမ်းခွဲခံခဲ့ရတာ။

ရှောင်ကျန့်က သူ့မျက်လုံးထဲမှာ အမြဲတမ်း ပြီးပြည့်စုံကာ Perfect ဖြစ်နေတာ လမ်းခွဲစကားမှာတောင် Perfect ဖြစ်လို့ လှလှပပလေးသုံးသွားခဲ့တာ။
သူမှာဘာမှပြန်မပြောနိုင်အောင်ပဲ။

အဲဒီနေ့ကရှောင်ကျန့်က သာမာန်ထက်ပိုတည်ငြိမ်နေတယ်။
ဒီစကားပြောဖို့ အားယူနေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။
သူ့ပုံစံကြည့်ရတာ အသာတကြည်လက်မခံပဲ တဖက်ကတန်ပြန်လာမှာကို တွေးပူနေတာလည်း ဖြစ်နိုင်တယ်။
ပုံမှန်အချိန်တွေထက် သနားစရာကောင်းနေတာတော့ အမှန်ပဲ။

အဟား....ဝမ်ရိပေါ်ဆိုတဲ့ ကောင်ကလည်း ကိုယ့်ကိုတဖက်သတ်လမ်းခွဲချင်တဲ့သူက ရှောင်ကျန့်ဖြစ်နေရင်ကို စာနာသနားပေးနေမယ့်ကောင်မျိုး။

"ရိပေါ်.....တကယ်တော့လေ ငါတို့က ကလေးဘဝသံယောဇဥ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက်အားကိုးမှီခိုကြရင်း တစ်ယောက်မရှိရင် တစ်ယောက်ဘဝမလွယ်ကူနိုင်ဘူးဆိုတဲ့အသိနဲ့ ဖြူစင်တဲ့အချစ်ကို အရောင်ဆိုးခဲ့မိတာ......တကယ်တမ်းကျ ဖြစ်လည်းမဖြစ်သင့်ဘူးမဟုတ်လား ''

Ex (or) တိုက်ခန်းလေးWhere stories live. Discover now