Uni
Ex
Ep.7သူ့ရှေ့က ယိမ်းနွဲ့ကခုန်နေတဲ့ မီးတောက်တွေကိုကြည့်ရင်း ရင်ခွင်ထဲကလူကို ခနခနငုံ့ကြည့်ကာ ညတာရှည်ဖို့ ဆုတောင်းနေမိတယ်။ အိပ်ပျော်စေတဲ့ ဟော်မုန်းတွေကို ချေဖျက်နေတာ အသဲကွဲခြင်းဖြစ်သလို အချစ်လည်း ဖြစ်တယ်ဆိုတာ အချစ်ကသင်ပေးခဲ့ပြန်တယ်။ အိပ်ပစ်လိုက်ရမှာ နှမျောတယ်။
တဖက်လူက ယုံယုံကြည်ကြည်ရင်ခွင်ထဲတိုးအိပ်နေတာကို ရိပေါ်ကလည်း အခွင့်ရေးမယူခဲ့။
ပြတ်သွားပြီဆိုမှတော့၊ တဖက်မှာဆိုင်သူရှိနေပြီဆိုမှတော့ သူ့ဘက်ကဘယ်လောက်ချစ်ချစ် စည်းစောင့်ရမယ် မဟုတ်လား။မနက်ခင်းရောက်ရင် အိမ်မက်တွေလို တိမ်လို လေလို လွင့်ပျောက်သွားကြဦးမှာပဲ။ ဒီအချိန်လေးမှာပဲ ရပ်တန့်ထားချင်တယ်။
"အင်း''
အတွေးစတို့ကြောင့် ရင်ခွင်ထဲကလူကို ဖျစ်ညှစ်မိတဲ့အခါ အင်းခနဲညည်းသံလေးနဲ့ အနည်းငယ်လူးလွန့်လာတယ်။ခနပါပဲ ပြန်လည်အိပ်ပျော်သွားတာများ အပူပင်မဲ့လို့။
နေ့ဘက်တွေသာ အလုပ်ကိုယ်စီကြောင့် တပူးတွဲတွဲ ကပ်မနေနိုင်ပေမဲ့ ညဆိုတာ နှစ်ယောက်ပေါင်းထုဆစ်အရာ။
အဲဒီအရာကို တစ်ယောက်ထဲ ဆက်လက်ထုဆစ်ဖို့ ထားခဲ့ခံရတဲ့အခါ အနည်းငယ်ရက်စက်တယ်လို့များ မထင်ဘူးလားကိုယ့်ရဲ့ကျန့်။
ရောင်နီတွေလာရင် အရင်လိုပဲထားခဲ့ခံရဦးမှာလား။ ရှေ့က မီးတောက်တွေလိုပဲ နှလုံးသားဟာ ယိမ်းနွဲ့ကခုန်လို့ အစိုးမရခြင်းမှာ အစိုးမရစွာ ပူပန်လို့။"ဟင် ငါတညလုံးအိပ်နေခဲ့မိတာလား ကိုက်ခဲနေတော့မှာပဲ''
"ကိစ္စမရှိဘူး... နိုးရင်သွားရအောင် လိုက်ရှာသူတွေအရင်ရှာမတွေ့ခင်''
မိုးအေးတဲ့ မနက်ခင်းတွေတိုင်း အင်းအဲညည်းကာ အချိန်ဆွဲတတ်သူက ခုလိုနာနာခံခံလေး လူးလဲထနေတာမြင်တော့ သက်ဆိုင်သူ မြင်သွားမှာ ကြောက်လို့လား တွေးကာ ကြွေကွဲရပြန်ပါတယ်။
"ဘာဖြစ်လိုလဲ ''
အင်္ကျီတွေကောက်ဝတ်နေတဲ့ ရှောင်ကျန့်က
ရိပေါ်ငြိမ်သွားတာမြင်တော့ သတိထားမိစွာ မေးလာတယ်။
KAMU SEDANG MEMBACA
Ex (or) တိုက်ခန်းလေး