Ep.6

121 14 2
                                    

Uni

Ex (or) တိုက်ခန်းလေး
Ep.6

ရှင်သန်ခြင်းနဲ့သေဆုံးခြင်း ဘာကွာလဲ။
မင်းမရှိတာနဲ့မင်းရှိတာလောက်ပဲ
ကွာပါတယ်။
ရှင်သန်ခြင်းဆိုတာ ငါ့ရဲ့ အနားသတ်
အဝိုင်းဝန်းလေးမှာ မင်းရှိနေပြီး မင်းနှုတ်ခမ်းလေး တွန့်ချိုးပြုံးနေတာမျိုး ငါ့ကြောင့် ရှက်သွေးဖြာနေတာမျိုးကို ဆိုလိုတယ်။
သေဆုံးခြင်းကတော့ ရှင်းပါတယ်။
မင်းမရှိတာနဲ့ မင်းကိုမမြင်ရတာလောက် ဆိုးတာရှိပါအုံးမလား။

သူ့လက်ကိုဆွဲကာ ရှေ့ကဦးဆောင်ပြေးနေသူဆီ ယုံကြည်ခြင်းအပြည့်နဲ့ ထည့်ပေးထားတဲ့လက်လေးတစ်ဖက်ကို ဘဝကြီးပါပုံအပ်ပေးထားသလို ထင်မိတဲ့အခိုက်တန့်ပါပဲ။ ဘယ်တုန်းကမှ အားကိုးရာလို့ မမြင်ခဲ့တဲ့ ဒီအမျိုးသားကို အားနာမိပါရဲ့။
မိုးစက်တွေက ပိုမိုပြင်းထန်လာကာ အသားပေါ်ပါ စပ်ဖျင်းဖျင်းခံစားလာရတယ်။ ရှေ့ကပြေးနေသူက တုံ့ကနဲခနရပ်သွားတယ်။ အရှိန်တစ်ခုရနေတဲ့ ရှောင်ကျန့်က သူ့ရင်ဘတ်ကိုခေါင်းနဲ့ဝင်ဆောင့်မိတယ်။ကုန်းအတက်လေးမှာရပ်နေသူက ကြင်ကြင်နာနာလေးကြည့်နေကာ အင်္ကျီလေးချွတ်လို့ ခြုံပေးလာတယ်။ အင်္ကျီလေးက ဆေးသားတို့ကွာကာ အရောင်တွေပြယ်လွင့်နေပြီ။

"အသားတွေနာနေပြီလား.လာ ဒီအတက်လေးကျော်ရင် ရောက်ပြီ''

အင်္ကျီကိုတွေ့တာနဲ့ မြွေပေါက်ခံရသူလို ဆတ်ခနဲတွန့်သွားပြီး အမြန်ပြန်ပေးမိတယ်။

"မလိုဘူးပြန်ဝတ်ထား.မင်းအသားကသံနဲ့လုပ်ထားတာမို့လိုလား ငါလည်းယောကျ်ားပါ ''

ဒီအင်္ကျီလေးက ရိပေါ်မွေးနေ့မှာ သူပထမဆုံးဝယ်ပေးခဲ့တဲ့ဂျာကင်လေး မဟုတ်လား။ဂျာကင်လေး ဟောင်းနွမ်းကာ ဆေးသားတို့ပြယ်လွင့်နေတဲ့ထိ ရိပေါ်သုံးနေဆဲ သိမ်းထားဆဲဆိုတဲ့ အမှန်တရားက ဖြောင့်လက်သီးတစ်လုံးလို တည့်တည့်ကြီးဝင်လာတာ။

အင်္ကျီဇွတ်ပြန်ပေးပြီး.ထပ်ပြေးခဲ့ကြရပြန်တယ်။မိုးကပြင်းထန်လာပြီမို့ ကြာကြာရပ်စကားမပြောနိုင်ကြတော့။
ဆောင်းခိုအိမ်လေးတွေ့မှ သက်ပြင်းချနိုင်ကြတယ်။ အိမ်လေးက အတော်လေးသေးတယ်ဆိုပေမယ့် သစ်လုံးလေးတွေနဲ့ ဆောက်ထားတာမို့ ခိုင်ခံ့နေမှာ သေချာပါတယ်။

Ex (or) တိုက်ခန်းလေးDonde viven las historias. Descúbrelo ahora