"Samchon!!"
သူ့ကိုမြင်တာနဲ့အာရွန်းကထုံးစံအတိုင်းလက်ကလေးကိုကားပြီးဖက်ဖို့ပြေးထွက်လာပေမယ့်သူ့ဘေးမှာကိတ်မုန့်ဗူးပိုက်ပြီးရပ်နေတဲ့ဆော့ဂျင်ကိုမြင်တော့ခြေလှမ်းတွေကိုရပ်ပစ်လိုက်ပြီးဆော့ဂျင်ကိုမျက်လုံးဝိုင်းလေးဖြင့်ငေးနေသည်။ ပြီးမှရှက်သွားတဲ့ပုံလေးနဲ့ဆံပင်လေးကိုနားနောက်မှာထိုးသိပ်ထည့်လိုက်ပြီးခေါင်းလေးကိုငုံ့ကာရှက်ပြုံးလေးဖြင့်...
"Samchon.. အဲ့ဒီ့ Oppa ကဘယ်သူလဲဟင်"
ကောင်ချောလေးကိုမြင်တော့အပျိုမဒီဇိုင်းချက်ချင်းဖမ်းလိုက်တဲ့ ၅နှစ်သမီးကိုကြည့်ပြီးအူယားလွန်းလို့တင်ပါးကိုရိုက်ပစ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။
"Oppa မဟုတ်ဘူး.. အဲ့ဒါ Samchonရဲ့သူငယ်ချင်းကင်ဆော့ဂျင်တဲ့"
"Annyeon သမီးကအာရွန်းကိုး... ချစ်စရာကောင်းလိုက်တာ။ တွေ့ရတာဝမ်းသာတယ်နော်... ပြီးတော့ happy birthday ပါ"
ဆော့ဂျင်ကအာရွန်းအရပ်ကိုမှီအောင်ဒူးထောက်ထိုင်လိုက်ပြီးခေါင်းလေးကိုပုတ်ကာနှုတ်ဆက်စကားဆိုလိုက်တော့အာရွန်းရဲ့ပါးပြင်လေးတွေကချက်ချင်းပန်းနုရောင်ပြောင်းသွားတော့သည်။
"Oppa ကမေမေညတိုင်းဖတ်ပြတဲ့ပုံပြင်တွေထဲက prince charming နဲ့တူတယ်"
"လက်လက်စိန်ကိုများ prince charming တဲ့.. အကြောင်းမသိသေးလို့ဒါမျိုးပြောနိုင်တာပေါ့။ ပြီးတော့.. ဘာလို့ oppa လဲ။ Samchon ရဲ့သူငယ်ချင်းပါဆိုမှ"
"ရား..ကလေးတွေကမညာတတ်ဘူးနော်။အမှန်အတိုင်းပဲပြောတတ်တယ်။ မင်းဘာမှဝင်ပြီးမနာလိုဖြစ်စရာအကြောင်းမရှိဘူး"
"ဘယ်သူကမနာလိုဖြစ်နေလို့လဲ.. အမှန်တွေကိုပြောပြနေတာ"
"အသံကိုကမနာလိုအူတိုဖြစ်နေတဲ့အသံ"
"ဟား..ရယ်ရတယ်.. ဘယ်သူက..."
"အာရွန်း.. samchon ရောက်လာပြီလား"
သူတို့နှစ်ယောက်စကားနိုင်လုနေရာမှ ဂျောင်အင်းရဲ့အသံကြောင့်စကားစပြတ်သွားသည်။
ВЫ ЧИТАЕТЕ
Lovers from Friends (✔)
Фанфик(Unicode) သူငယ်ချင်းကနေချစ်သူအဆင့်ကိုကူးပြောင်းဖို့ခြေလှမ်းတစ်လှမ်းတိုးရဲဖို့ပဲလိုပါတယ်... Jeon Jung Kook 💜 Kim Seok Jin (Zawgyi) သူငယ်ချင်းကနေချစ်သူအဆင့်ကိုကူးပြောင်းဖို့ခြေလှမ်းတစ်လှမ်းတိုးရဲဖို့ပဲလိုပါတယ်... Jeon Jung Kook 💜...