V

2.4K 293 111
                                    

13th July, 2010

ထို​နေ့တွင်​ နွေရာသီ​ရောက်သည့်အခါတိုင်းကျင်းပ​နေကြဖြစ်သည့် မီဖွန်းရွာနှင့်ခွန်းဒါးရွာတို့၏ချစ်ကြည်​ရေး​ဘောလုံးပြိုင်ပွဲကိုအရင်နှစ်များနည်းတူကျင်းပခဲ့သည်။ ထို​နေ့က​ဂျောင်ကုတစ်​ယောက်အထူးရွှင်ပြ​နေ၏။ပြိုင်ပွဲ​ကြောင့်​တော့မဟုတ်.. နွေရာသီ​ကျောင်းပိတ်ရက်တိုင်းရွာကအလည်လာတတ်တဲ့​ဆော့ဂျင်ကအခုသူ့​ဘေးတွင်ထိုင်ပြီး သူနှင့်အတူတူပြိုင်ပွဲကိုကြည့်​နေ​သော​ကြောင့်ဖြစ်သည်။

"ဟာ!!"

ပထမပိုင်းတွင်မီဖွန်းရွာက (3:2) ဖြင့်ဦး​ဆောင်​နေရာမှကစားသမားဘတ်ချန်းဟို၏အမှား​ကြောင့်တစ်ဂိုးထပ်​ပေးလိုက်ရသဖြင့်ဒုတိယပိုင်းတွင် (3:3) ဖြင့်အမှတ်တူသွား​သော​ကြောင့်မီဖွန်းရွာသားတို့ထံမှမ​ကျေနပ်သံ​တွေဟာခနဲဟင်ခနဲထွက်လာ၏။ထိုအချိန်ကထူးဆန်းစွာဖြင့်​သူ့ လက်ထဲတွင်​ဆော့ဂျင်၏လက်က​လေးရှိနေခဲ့သည်။ ​ဆော့ဂျင်၏အထိအ​တွေ့​ကြောင့်သူ.. ​ဆော့ဂျင်ရဲ့မျက်နှာကိုငဲ့ကြည့်​တော့​ဆော့ဂျင်ကသူ့ကိုသတိထားမိပုံမ​ပေါ်ဘဲပြိုင်ပွဲကိုသာအာရုံစိုက်​နေသည်။

"ဟင်"

​ဆော့ဂျင်ကရုတ်တရက်မတ်တပ်ထရပ်လိုက်သဖြင့်သူ့လက်ထဲတွင်ရှိ​နေသည့်​ဆော့ဂျင်ရဲ့လက်က​လေးလွတ်ထွက်သွား​တော့ရင်ထဲမှာဟာခနဲဖြစ်ကျန်ခဲ့သည်။ ထို့​နောက်​​ခွန်းဒါးရွာဘက်ကဝေါခနဲ​အော်သံကြီးကြားလိုက်ရသည်။ သူက​တော့ဘာဖြစ်လို့ဖြစ်သွားမှန်း​တောင်မသိလိုက်..ဘောလုံးပွဲကိုလည်းစိတ်မဝင်စား​တော့ဘဲ​လစ်ဟာသွားသည့်သူ၏ရင်အစုံကိုဖိ၍​ဆော့ဂျင်ရဲ့လက်က​လေးကိုပဲလိုက်​ငေး​နေမိသည်။ ​ဆော့ဂျင်ရဲ့အထိအ​တွေ့​အောက်ကခဏ​လေးလွတ်သွားတာ​တောင်အခုလိုခံစား​နေရတယ်ဆိုရင်.. တ​နေ့​ဆော့ဂျင်သူ့အနားမှာမရှိ​တော့ရင်​ရော.. ဆိုသည့်အ​တွေးတို့ကနုနယ်တဲ့သူ့ရဲ့နှလုံးသားကို​လောင်မြိုက်​စေသည်။

"​ဂျောင်ကု..ဒီ penalty ဝင်ရင်ငါတို့နိုင်နိုင်တယ်​နော်"

"အမ်.. အင်း.. အင်း​ပေါ့.. နိုင်.. နိုင်တာ​ပေါ့"

Lovers from Friends (✔)Where stories live. Discover now